unicode
လေးနာရီမထိုးခင် အဲလစ်ကိုခေါ်၍ ပြန်ရောက်လာသူကိုထယ်ဟျောင်းမျက်လုံးချင်းတောင်မဆုံချင်။ အကြောင်းမှာ သူ့ကိုကပြားကောင်ပြုမူခဲ့တဲ့ အထိအတွေ့တွေက သူ့ခန္ဓာကိုယ်အပေါ်သက်ရောက်မှုရှိခဲ့သဖြင့် ထယ်ဟျောင်းအိမ်ပြန်ရောက်ရောက်ချင်းရေချိုးခန်းထဲတွင်အချိန်ကြာခဲ့ရ၍ဖြစ်သည်။
ဘယ်သူမှမသိသော်ငြား သူကစိတ်မလုံဖြစ်နေရသည်။ ထို့ကြောင့် ကလေးကိုသာထားခဲ့စေပြီး အမြန်ပြန်လွှတ်နေရလေသည်။
"အဲလစ်ကိုငါးခွဲမှလာကြို..အခုပြန်တော့"
ခြံတံခါး၀အထိတွန်းပို့လာသူက ဂျက်စတင့်အားအိမ်ထဲ ဘယ်လောက်တောင်ပေးမ၀င်ချင်သလဲမသိ။ အခု ဂျက်စတင်က လွန်ခဲ့တဲ့နာရီပိုင်းလောက်က၀တ်ထားခဲ့သော အ၀တ်အစားတွေနဲ့သာရှိနေသေးတာဖြစ်ပြီး ဂိုက်ဆရာကတော့ ရေချိုးပြီးလေပြီ။ သူ့ဆီကရနေတဲ့ ခပ်သင်းသင်းအမွှေးဆပ်ပြာရနံ့က ဂျက်စတင့်နှာဖျားမှာကလူကျီဆယ်နေလေ၏ ။
ချည်သားဘောင်းဘီရှည် အနက်ရောင်နှင့် တီရှပ်လက်တိုဆင်စွယ်ရောင်လေးကိုတွဲ၀တ်ထားသော ဂိုက်ဆရာ၏ အသားအရေဟာ၀င်းမွတ်နေသည်။ ဂျက်စတင်သည် ထယ်ဟျောင်းကို စိုက်ကြည့်နေရင်း လွန်ခဲ့တဲ့နာရီပိုင်းလောက်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုတွေးမိကာ အားမလိုအားမရဖြစ်မိသည်။
အလကား .. သူလည်းကြိုက်ရဲ့သားနဲ့!
"အဲလစ်ဆင်းချိန်က ၆ နာရီမဟုတ်ဘူးလား"
မိမိကိုအတင်းပြန်စေချင်နေသူအား ဂျက်စတင်မေးလိုက်ခြင်းဖြစ်သည်။ ထိုအခါဂိုက်ဆရာက သူ့ကိုစောင်ပေပေအကြည့်မျိုးဖြင့်ကြည့်ကာ..
"မရဘူး ..၅ခွဲဆင်းမှဖြစ်မှာ ကိုကိုငယ်က ၆ နာရီဆိုပြန်လာနေကျ။"
"ပြန်လာပစေလေ။ ဘာကိစ္စကျုပ်ညီရဲ့စာသင်ချိန်ကိုလျှော့ရမှာလဲ!"
ထယ်ဟျောင်းသည် စကားအပိုမပြောချင်ပါဘူးဆိုမှ အရစ်ရှည်လွန်းသူအား စိတ်ကုန်သလိုကြည့်မိသည် ။ မပြီးနိုင်မစီးနိုင်နှင့် !
"မင်းတော်တော်ရှည်တာပဲ!"
"ဟမ် .. ခင်ဗျားခုနက ခံစားမိတယ်လား"
