unicode
ဆေးရုံကြီးမှာရောက်နေသော ထယ်ဝီသည် မိမိယောက်ဖလောင်းကိုမေတ္တာအကြီးကြီးပို့နေခဲ့သည်။ သူခေါ်လာပေးရသောကောင်လေးမှာ ဆရာ၀န်တွေကစိုးရိမ်စရာမရှိတော့ဘူးပြောထားသည့်တိုင်အခုထိ သတိမရသေးချေ။
ပုံစံကတော့အတော်လေးအားနည်းနေတာမှန်းသိသာပါသည်။ သူကလူနာရှင်အနေနှင့်ခေါ်လာခဲ့တာမို့ဒီတိုင်းလည်းထားခဲ့လို့မရ ။ဂျက်စတင့်ကိုဖုန်းလှမ်းဆက်ကြည့်ပေမယ့် ဖုန်းကမကိုင်။ မိမိညီဖြစ်သူကိုသာ အကျိုးအကြောင်း မက်ဆေ့(ဂ်ျ)ပို့ထားလိုက်သည် ။
"အင့်!"
ရုတ်တရက်ကုတင်ပေါ်မှလှဲနေသူထံမှ အသံလေးကြားလိုက်ရသဖြင့် ထယ်ဝီဖုန်းသုံးနေရင်းခေါင်းထောင်သွားသည် ။
"အဟွတ်"
နိုးနိုးချင်းချောင်းထဆိုးသူရယ်ပါ ။ ထယ်ဝီသည် ဖုန်းကိုခါးကြားပြန်ထိုးပြီးမှ လူနာဆီလျှောက်လာလိုက်ပြီးအခြေအနေစူးစမ်းရသည်။ ဆရာ၀န်ကိုသွားခေါ်စရာမလိုလောက်ဘူးဆိုမှ မေးသင့်တာမေးရဖို့ပြင်ရတော့သည်။
ထိုအခါကောင်လေးက နိုးနိုးချင်း သူ့ကိုမြင်တော့မျက်လုံးလေးဝိုင်းသွား၏ ။ ထို့နောက် အခန်းပတ်ပတ်လည်ဟိုဟိုဒီဒီကိုဝေ့ဝိုက်ကြည့်ပြီး တစ်ယောက်ယောက်ကိုရှာနေပုံရသည်။ ပြီးတော့မှ ..
"ဟို .. ဟိုလေ ကျွန်တော့်ကိုဘယ်သူမှလာမစောင့်ဘူးလားဟင်"
ကောင်လေးရဲ့စကားကြောင့် ထယ်ဝီနည်းနည်းတော့ ထူးဆန်းသွားရသည်။ ဒီကောင်လေးက သူကားရှေ့မှာလဲပြီးပြီးချင်းသတိလစ်သွားသည်ကို နည်းနည်းလေးမှမမေးမြန်းလာ။ သူ့ကိုယ်သူဆေးရုံရောက်နေတာအတွက်လည်း အံ့ဩသင့်နေပုံမပေါ်သလို တစ်ယောက်ယောက်ကိုတောင် လာစောင့်နေလိမ့်မည်အသေချာကြီးပြောနေသလိုပင် ။
"မင်းက ကားတစ်စီးရှေ့မှာတိုက်မိမလိုဖြစ်ပြီးသတိလစ်သွားတာ ကားပိုင်ရှင်က အစ်ကို့အသိမို့ အစ်ကို့ကိုဖုန်းဆက်ပြီးအကူညီတောင်းတာနဲ့ မင်းကိုဆေးရုံခေါ်လာတာ ။ မင်းမိသားစုကိုလည်းမသိတော့ ဆက်သွယ်ပေးလို့မရသေးဘူး။ အခုက မင်းကိုအစ်ကိုပဲစောင့်ပေးနေတာ"