episode 6

32.9K 2.2K 226
                                    

unicode

ဂိုက်ဆရာပြောသည့်အိမ်လိပ်စာအတိုင်း ဂျက်စတင် ကားကိုမောင်းလာခဲ့လိုက်သည်။ လူကတော့ နှုတ်ဆိတ်နေပေမယ့် စိတ်ထဲတွင်မကျေနပ်တာရှိနေ၏။ ယင်းသည်ကား ထယ်ဟျောင်းမှ သူ့ညီအဲလစ်ကို သူ၏အိမ်တွင်သာ စာခေါ်သင်မည် ဟူသော စကားကြောင့်ဖြစ်သည် ။

ဂျက်စတင်အဲလစ်က အခုမှဒီနိုင်ငံကိုရောက်တာဖြစ်ပြီး ကျောင်းတောင်မအပ်ရသေးသလို ဒီကစာသင်ကြားပုံနှင့်လည်း လိုက်ရောညီထွေဖြစ်ဖို့ အချိန်ကလိုသေးသည် ။ ဘာမှမရေရာသေးတဲ့ အချိန်မှာ‌တောင် ဒင်းကတော့ ဂျက်စတင့်အိမ်မှာ စာလာသင်ဖို့ကို လူလိမ္မာနည်းနဲ့ ငြင်းပစ်ပြီးချေပြီ။

ဂျက်စတင်ရဲ့အိမ်မှာစာလာမသင်နိုင်လို့ သူ့အိမ်ကိုခေါ်သင်မယ်ဆိုတဲ့သဘောပေါ့ ။ ရတယ်လေ .. ဘယ်မှာသင်သင် မပြောင်းလဲသည်က ထိုလူ ဂျက်စတင့်မျက်စိအောက်ကပြေးမလွတ်ပါလေ..

လူကိုမတူသလိုမတန်သလိုဆက်ဆံနေတဲ့ လူ။ ‌ဘယ်နေရာထိပြေးပြေး မရရအောင်စိတ်အနှောင့်အယှက်လိုက်ပေးနေဦးမည်ပင် ။

"ရောက်ပြီ"

ခြံရှေ့ကိုရောက်သည်နှင့် ဂျက်စတင်ကားကိုရပ်ရင်း ဆိုလိုက်သည် ။ထိုအခါမှ ထယ်ဟျောင်းလည်း ခြံဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ က‌ပြားကောင်ကိုပြန်ကြည့်မိရင်း ..

"ကျေးဇူးပဲ"

ကျေးဇူးစကား‌ဆို‌နေတာတောင် ခပ်တည်တည်ဖြစ်နေတဲ့ ကပြားကောင်က ရုပ်ကိုက ထုံပေပေ။ ဘာမှပြန်မပြောလာမယ့်အတူတူ အာရုံထားမနေတော့ဘဲ ကားတံခါးကိုဖွင့်ကာ ခြေတစ်ဖက်ချင်းချ၍ ဆင်းခဲ့လိုက်သည် ။

"အ့"

ထယ်ဟျောင်းခြေထောက်ကတော်တော်လေးနာသွားတာဖြစ်သည် ။ဆေးခန်းပါပြရမည်ထင်၏ ။ ထိုသို့တွေးရင် ကားထဲက ကပြားကောင်ကို စိတ်တိုလာမိပြန်သည် ။ဒင်းကြောင့်!

တံခါးကိုသေချာပြန်ပိတ်ပြီး နှုတ်ဆက်ရင်ကောင်းမလား တစ်ချက်ကြည့်မိတော့လည်း လူကိုသူ့လုပ်စာကျွေးထားရသလိုဖြစ်နေတဲ့ မျက်နှာကြောင့် ဘာမှမပြောချင်တော့ချေ ။
ဒီအတိုင်းသာ ခြံဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်တော့သည် ။ ဂျက်စတင်ကတော့ ကားထဲမှာထိုင်နေရင်း အလိုလိုနေရင်းမှ ခေါင်းနောက်နေသည်။

RODEO | KVWhere stories live. Discover now