unicode
This episode will include mature words and scenes.If you don't like it, please skip it THANK YOU.
မနက် ၇ နာရီလောက်ကြီးစန်းဟွာရဲ့အိမ်ကိုရောက်လာပြီး မောင်ကသူလိုချင်တာလာယူသည်။ စန်းဟွာကတုံးတယ်ပဲပြောပြော အတယ်ပဲပြောပြော မောင့်ဆီမှာ မောင်လိုချင်တဲ့အချိန်သုံးတာကိုခံနေရတာနဲ့တင် ဘ၀ကပြည့်စုံလွန်းနေသလိုပင်။ ထို့ကြောင့်လည်း အရာရာကိုကျေကျေနပ်နပ်သာမောင့်လက်ထဲပေးအပ်ခဲ့တာ ။
မောင်နဲ့ဖြစ်ပြီး အိပ်ပျော်သွားတဲ့အချိန်မောင်ပြန်သွားသည်ထင်သည်။ စန်းဟွာနိုးလာတော့ မောင့်ကိုမတွေ့တော့ချေ။ သို့ပေမယ့် စန်းဟွာက ဒီလိုမျိုးအချိန်တွေနဲ့ နေသားကျနေခဲ့ပါပြီ။ ကိုယ့်ဟာကိုယ်ပဲသန့်ရှင်းရေးလုပ် ကိုယ့်ဟာကိုယ်ပဲပြုစုရရင်း စန်းဟွာရဲ့ဘ၀ကကျင်လည်နေခဲ့တာ ။ အပြစ်တင်ဖို့စုထားမိတဲ့ စကားတွေကလည်း မောင့်ဆီက စကားချိုချို ၊ အနမ်းတစ်ပွင့်လောက်ရရုံနဲ့ အစအနတောင်ရှာလို့မရတော့တာမို့ စန်းဟွာဟာအမှတ်လည်းမရှိပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး အချိန်အားဖြင့် နေ့လည် ၁၂ ခွဲလေသည်။ စန်းဟွာအခုထိမနက်စာလည်းမစားရသေးပါ။ အ၀တ်အစားလဲပြီးလျှင် မနက်စာတစ်ခုခုသွား၀ယ်ဖို့လုပ်ရမည် ။အိမ်မှာလည်း ချက်ပြုတ်စားဖို့က ရှိပေမယ့် ဒီအခြေအနေနဲ့တော့ ဘာမှလုပ်မနေချင်တော့ချေ ။ အပြင်ကိုသာတစ်ခုခုထွက်၀ယ်လိုက်တော့မည်။
စန်းဟွာသည်အ၀တ်အစားလဲပြီးသည့်နောက် ပိုက်ဆံအချို့နှင့်ဖုန်းကိုယူ၍ အိမ်ကနေထွက်လာခဲ့လိုက်သည်။ လမ်းထိပ်နားက စတိုးဆိုင်မှာ စားချင်တာတစ်ခုခုတော့ ရှိကောင်းပါရဲ့ ။
သန်လွန်းတဲ့မောင်တစ်ယောက်ကြောင့်လည်း စန်းဟွာမှာလမ်းလျှောက်ရတာတောင် ထော့နဲ့ထော့နဲ့ဖြစ်နေရသလိုပင်။ မြန်မြန်၀ယ်ပြီး မြန်မြန် ပြန်ရမည်ဟုသာတွေးလိုက်သည်။
ဤသို့နှင့်တစ်လှမ်းချင်းလျှောက်လာခဲ့ဟာ လမ်းအကွေ့အချိုးကိုရောက်ခါနီး၌တစ်ဖက်ကနေပြေးထွက်လာဟန်တူသော ခြေသံတွေကိုကြားလိုက်သည်။ စန်းဟွာရှေ့ဆက်လျှောက်လိုက်တော့ စန်းဟွာကိုယ်လုံးလေးကတွန်းတိုက်ခံလိုက်ရ၏ ။