unicode
ရင်းနှီးတာမကြာသေးတဲ့လူတစ်ယောက်ဆီကနေ ထယ်ဝီ အဲ့ဒီ့အနောက်တိုင်းသွေးနှောအကြောင်းသိထားခဲ့တာတွေအများကြီးရှိသည်။ ယောက်ျားပြည့်တန်ဆာတွေနဲ့ တစ်လ အယောက် ၂၀ နီးပါ အတူနေတဲ့ကောင်၊ သမာအာဇီ၀မကျနဲ့အလုပ်နဲ့ သူတစ်ပါးပိုက်ဆံကိုလည်း ရရင် ရသလိုယူတတ်တဲ့ကောင်။ ကိုယ့်ညီဖြစ်သူအနားမှာမြင်လိုက်ရတဲ့နေ့ကတည်းက စိတ်ထဲမသိုးမသန့်ဖြစ်နေခဲ့ပေမယ့် နောက်ပိုင်းကျမှ ဒီကောင်ဟာဘယ်လိုလူစားလဲ သိလာရသလို ကိုယ့်ညီကိုလည်းဒင်းနဲ့ကင်းရှင်းစေချင်ခဲ့သည်။
အမှန်တကယ်လည်း ဒင်းက ကိုယ့်ညီနဲ့တွေ့လိုက်တဲ့အချိန်တိုင်း ကိုယ့်ညီကိုစိတ်သောကပေးနေခဲ့တာချည်းပဲ။ ထယ်ဝီကိုယ်တိုင်အချုပ်ထဲရောက်ခဲ့ရပြီးကတည်းက နောက်ပိုင်း ဒင်းနဲ့ ထယ်ဟျောင်းနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပြီဆိုမှ ရင်အေးခဲ့ရတာဖြစ်သည်။ သံသယမကင်းသည့်တိုင် ကိုယ့်ညီကကိုယ့်အပေါ်ဘယ်တုန်းကမှ လိမ်ညာဖုံးကွယ်ဖူးတဲ့သူလည်းမဟုတ်တာကြောင့် ယုံယုံကြည်ကြည်နဲ့သာနေပေးခဲ့တာ။ အချိန်အကြာကြီးနေမှ အစ်ကိုဖြစ်သူဆီကနေ ထယ်ဟျောင်းရည်းစားထားနေတယ်ဆိုတဲ့အကြောင်းအရိပ်အမွှတ်သိထားခဲ့ရပေမယ့် ဒီကောင်နဲ့တော့မဟုတ်လောက်ဘူးထင်ထားခဲ့တာ ။ အခုတော့ ထယ်ဝီဟာဘယ်လောက်တောင်တုံးပြီးစုံလုံးကန်းနေသလဲဆိုတာ ညီဖြစ်သူကိုယ်တိုင်ကမီးမောင်းထိုးပြခဲ့ပြီဖြစ်သည်။
လက်သင့်မခံနိုင်စွာ နည်းလမ်းနှင့်အမျိုးမျိုးခွဲချင်မိသည်။ ကိုယ့်ညီလေးကိုသူများလက်ထဲမထည့်ချင်တာရော အဲ့ဒီကောင်က ထယ်ဟျောင်းကိုဆိုဘယ်လိုနိုင်စားပြီး နိုင့်ထက်စီးနင်းလုပ်မယ့်ကောင်ဆိုပြီးသိနေတာရောကြောင့် ထယ်ဝီ့ခေါင်းထဲမှာတော်တော်ကိုချာချာလည်သွားခဲ့ရတာဖြစ်သည်။
"ငါတို့ ရှေ့ဆက်လို့ ရပါ့မလား ဟင့်"
'....'
"ဟင့်အင် .. မလာနဲ့"
သူကိုယ်တိုင်က ထိုကောင်နဲ့ခွဲခွာရမှာစိုးလို့ ငိုယိုနေသည့်တိုင် ထယ်ဝီပြောတဲ့စကားကိုနာခံစွာနှင့် တစ်ဖက်ကိုမလာရန်ပြောနေသည်အား ထယ်ဝီနားထောင်ရင်း ငိုသာချချင်သည်။ ကိုယ့်ညီက တစ်ဖက်လူအပေါ်တားမရဆီးမရအောင် ပြိုလဲနေလေပြီ။