episode 51

28.3K 1.6K 256
                                    

unicode

အားပြင်းတဲ့ ကာမဆေးကို သုံးစွဲထားသည်ဟု ဂျက်စတင့်ဆေးစစ်ချက်မှာထွက်ပေါ်လာခဲ့သည် ။ အချိန်မှီရောက်လာခဲ့လို့ရော အခြေအနေကို နိုင်သလောက်ထိန်းပေးနိုင်ခဲ့လို့ရောကြောင့် ဂျက်စတင့်အသက်အန္တာရာယ်ကစိုးရိမ်စရာမရှိလိုက်တာပါတဲ့ ။တစ်ခုခုသာလွဲချော်သွားခဲ့လျှင် ထယ်ဟျောင်းတော့ အကြီးအကျယ်ရင်ကျိုးရမှာပင် ။

"ဆရာလေး နားလိုက်ပါတော့.. ကျွန်တော်ဆက်စောင့်လို့ဖြစ်ပါတယ် ဆရာလေးကိုယ်တိုင်လည်းအားနည်းနေတာပဲ။ ဆရာလေးရဲ့အစ်ကိုလာရင်တစ်ခါတည်းပြန်လိုက်သွားလိုက်ပါ"

ဒေးဗစ်မှာထယ်ဟျောင်းပုံစံကိုမကြည့်ရက်တော့သဖြင့် ပြောရတော့သည်။ ဆေးရုံကိုရောက်လာတော့ ဂျက်စတင်ဆေးမိထားတဲ့ဒဏ်ကို ဆရာလေးကိုယ်တိုင်လမ်းမှာဖြေလျှော့ပေးဖို့ကြိုးစားခဲ့သေးတယ်ဆိုတာ ဒေးဗစ်ရိပ်မိပါသည် ။ ဆရာလေးကိုယ်ပေါ်က ဖြစ်သလို၀တ်ထားရတဲ့အ၀တ်အစားတွေနဲ့ နှစ်ယောက်လုံး‌ချွေးသံတစ်လုံးလုံးရှိနေခဲ့ကြတာဖြစ်သည် ။

လမ်းကိုအားယူပြီးလျှောက်နေခဲ့ရတဲ့ထယ်ဟျောင်းပုံစံကမြင်လို့ပင်မကောင်းခဲ့ ။ အခြေအနေအရပ်ရပ်ကို အစ်ကိုဖြစ်သူကို ဖုန်းဆက်ပြီးပြောလိုက်တော့ ဆေးရုံကိုသူကိုယ်တိုင်လာခဲ့ပေးမည်ဆိုသည် ။

ထယ်ဟျောင်းလို အရှက်အကြောက်ကြီးတဲ့လူအနေနဲ့ ဒီအခြေအနေဟာ အရင်ပုံစံနှင့်ဆို မည်သို့မည်ပုံဖြစ်နေမလဲတောင်မတွေးတတ်ပါ။ သို့ပေမယ့် အခုကျတော့ မိမိရဲ့အရှက်တရားထက်ပင် သူ့အတွက်ပိုပြီး စိုးရိမ်စိတ်က ကြီးမားနေရသဖြင့် အနားကနေတောင်တစ်ဖဝါးခွာချင်စိတ်မဖြစ်မိဘဲ သူ့တစ်ယောက်တည်းကိုသာ အာရုံထားနေမိတာဖြစ်သည် ။

'ဂျောက်'

ပွင့်သွားတဲ့အခန်းတံခါးနှင့် အခန်းထဲကို၀ရုန်းသုန်းကား၀င်‌လာသောသူမှာ ရဲအရာရှိ ဂင်(မ်)ထယ်ဝီဖြစ်သည်။ ထယ်ဝီ၀င်လာသည်နှင့် ထယ်ဟျောင်းလည်းလှည့်ကြည့်ကာ ရင်ထဲကလှပ်ခနဲဖြစ်သွားသည်။ ထယ်‌ဝီက ကုတင်ပေါ်မှာမေ့မျောနေသော ဂျက်စတင်ကိုတစ်ချက် ၊ ညီဖြစ်သူဘေးမှာရပ်နေသောဒေးဗစ်ကိုတစ်ချက်ကြည့်၏ ။ ပြီး‌မှ ထယ်ဟျောင်း‌အနားကိုသွားရပ်လိုက်လျှင် ထယ်ဟျောင်းထိုင်နေလျက်ကလေး အစ်ကိုဖြစ်သူကိုအားကိုးတစ်ကြီးဖက်တွယ်လိုက်ရှာသည် ။

RODEO | KVWhere stories live. Discover now