episode 36

33.4K 2.1K 696
                                    

unicode

mall ထဲကို၀င်လာသော ဂျက်စတင်တစ်ယောက်သည် စိတ်မကြည်၍သာတစ်ယောက်တည်း၀င်လာခဲ့ခြင်းဖြစ်သည်။ အမှန်က သူထယ်ဟျောင်းကိုခေါ်ပြီးလာတယ်ဆိုတာ မနက်စာအတူတူစားချင်လို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနှင့်ဖြစ်ပါသည်။

အခုတော့ ဆရာသမားကသူ့ကိုအဖက်မလုပ်သည့်အပြင် လေသံမာမာနဲ့တောင် ထဟောက်သွားသေးသည်။ မနေ့ညနေက သူ့အစ်ကို ဂျက်စတင်နဲ့သူ့ရဲ့ဆက်ဆံရေးကိုသိသွားတာနဲ့ပတ်သက်ပြီး စိတ်မကြည်သေးမှန်းသိပေမယ့် ကိုယ်ကသူ့ကိုစိတ်ပြောင်းသွားအောင်လုပ်ပေးချင်ရုံသက်သက်ပဲ။ အခုတော့ ဂျက်စတင်ပါစိတ်ဆိုးရသည်။

"ဂျွန်ဂျောင်ဂု!"

တစ်ယောက်တည်းစိတ်ပေါက်ပေါက်နဲ့ ဘာလုပ်လို့လုပ်ချင်မှန်းမသိဖြစ်နေတုန်း ဂျက်စတင့်ကိုလှမ်းခေါ်လာသူတစ်ဦး ။ ဂျက်စတင့်နာမည်ကို ‌ကိုရီးယားနာမည်နှင့်ခေါ်တဲ့သူကရှားသည်။ အသံကိုလည်းကြားသည်နှင့်ချက်ချင်းမှတ်မိ၏ ။ အဲ့ဒါဂျက်စတင့်သူငယ်ချင်း ဒေါက်တာဂင်(မ်)ဟာနွန်း။

"ဪ .. မင်း"

ဂျက်စတင်နောက်ကိုလှည့်ကြည့်လိုက်တော့တကယ်ဟာနွန်းဖြစ်သည်။ ဟာနွန်းနဲ့လည်းမဆုံတာ တော်တော်ကြာလေပြီထင်သည်။

ဟာနွန်းကဟိုးတစ်ခါဂျက်စတင်သွေးသွားစစ်တဲ့ဆေးခန်းကဆရာ၀န်ဖြစ်သည်။ ဒီနေ့သူ့ဆေးခန်းပိတ်သည့်နေ့မို့ ဈေး၀ယ်ထွက်လာသည်ထင်ပါသည် ။

"ဘယ်တွေပျောက်နေတာလဲ မင်း"

မျက်နှာမကြည်မလင်နှင့်ဂျက်စတင့်ကို ဟာနွန်းကပုခုံးခပ်ဖွဖွတစ်ချက်ရိုက်ပြီးမေးခြင်း။ ဂျက်စတင်ကတော့ ဘာမှပြန်မ‌ဖြေချင်၍ ခေါင်းသာခါပြလိုက်သည် ။

"ဘာကိုခေါင်းခါတာလဲ .. ရုပ်ကဘာဖြစ်နေတာလဲ"

ဟာနွန်းကဂျက်စတင့်ကိုမျက်စောင်းထိုးသလိုကြည့်ပြီးပြောသည်။ ဟာနွန်းပုံစံကလူကောင်အရမ်းမထွားဘဲသွယ်သွယ်လျလျခပ်လှလှလေးတွေထဲကပုံစံမို့ သူနဲ့ယှဉ်ရပ်နေတာကို ဘေးကဖြတ်သွားဖြတ်လာများက လှည့်ကြည့်လှည့်ကြည့် လုပ်ကြသေး၏ ။ ဂျက်စတင်တစ်ယောက်စိတ်ကမကြည်ရသည့်အထဲ အကုန်လုံးကိုတောင်ပြေးထိုးပစ်ချင်သေးသည် ။

RODEO | KVWhere stories live. Discover now