unicode
အဲ့ဒီ့နေ့ကအဖြစ်အပျက်တွေဖြစ်ပြီးသည့်နောက် ထယ်ဟျောင်းနှင့်သူ မဆက်သွယ်ဖြစ်ကြတော့။ သူကလည်းထယ်ဟျောင်းကိုရှောင်သလို ထယ်ဟျောင်းလည်းသူ့မြင်တိုင်းမသိချင်ယောင်သာဆောင်မိပါသည်။
ဒါဟာဘာကြောင့်လဲဆို ထယ်ဟျောင်းကိုသူတောင်းဆိုခဲ့တဲ့ ကိစ္စအတွက်ထယ်ဟျောင်းလက်မခံပေးနိုင်လို့။ သူနဲ့ထယ်ဟျောင်းဟာ သမီးရည်းစားအမည်ခံပြီး တွဲခဲ့ကြပေမယ့် အဲ့ထက်လွန်တဲ့ဆက်ဆံရေးတွေအထိရောက်ခဲ့ကြတာ ထယ်ဟျောင်းလည်းအသိ။
သို့ပေမယ့် သူ့ဘက်ကထယ်ဟျောင်းကို ချစ်ပါတယ် နှစ်သက်ပါတယ် ဆိုတာမျိုးတစ်ခါမှမပြောခဲ့ဖူးသလို ထိုအရာတွေကိုလည်းထယ်ဟျောင်းဘယ်တုန်းကမှမမျှော်လင့်ခဲ့ဖူးပါ ။
ထယ်ဟျောင်းမညာတမ်း၀န်ခံရပါလျှင် ထယ်ဟျောင်းဟာသူ့အပေါ်ခဏခဏရင်ခုန်သံတွေမှားခဲ့ဖူးပါသည်။ ဒါဟာသူ့အပေါ်ထယ်ဟျောင်းစိတ်တွေယိမ်းယိုင်နေတာကြောင့်ဆိုတာမှန်းလည်းသိပေမယ့် ဘယ်တုန်းကမှ စိတ်ကူးတောင်မယဉ်ခဲ့ဖူးပါ။
ထို့ကြောင့် အခုလိုစေ့စပ်ချင်တယ်ဆိုတဲ့စကားက ထယ်ဟျောင်းအတွက်စိမ်းသက်လွန်းသလို ဘယ်လိုမှလည်းတွေးကြည့်လို့မရတဲ့ကိစ္စဖြစ်ပါသည်။ သူဟာ ထယ်ဟျောင်းမတိုင်ခင် ဘယ်လိုလူမျိုးလဲဆိုတာလည်း ထယ်ဟျောင်းသေချာမသိခဲ့ပေမယ့် သူထယ်ဟျောင်းအပေါ်ပြုမူဆက်ဆံသလိုမျိုးတွေ တခြားတစ်ယောက်နဲ့ရော ပြုမူဆက်ဆံခဲ့သေးသလားဆိုတဲ့အတွေးတွေက ထယ်ဟျောင်းစိတ်ကိုအမြဲသတ်ပါသည်။
ထို့ကြောင့် အကယ်၍ သူ့ဖက်ကထယ်ဟျောင်းအပေါ် အဲ့ဒီ့စေ့စပ်တဲ့ကိစ္စအတွက်အတည်ကြီးဆိုလျှင်တောင် ထယ်ဟျောင်းအများကြီးအချိန်ယူရပေမည် ။
"ရောက်ပြီ ငါ့တူ"
တက္ကစီဖြင့် ထယ်ဟျောင်းသူတို့အိမ်ကိုရောက်လာတာဖြစ်သည်။ အဲလစ်ကိုစာသင်ပေးရမယ့် အချိန်ရောက်နေတာမို့လို့လေ။ မနေ့ကလည်းရောက်လာတုန်းက ထယ်ဟျောင်းသူ့ကိုမတွေ့ပါ။
ထယ်ဟျောင်းမညာပါဘူး ။ ထယ်ဟျောင်းသူ့ကိုတကယ်ရှာနေမိတာ ။
"ဟာ .. ဆရာလေး"
