unicode
ကားဆီကိုလျှောက်လာတဲ့ထိုအမျိုးသား ။ ဂျက်စတင်စတိုးဆိုင်မှာတွေ့ခဲ့သောအမျိုးသားဖြစ်လေသည်။ ဂျက်စတင်တစ်ယောက်ထိုင်နေရင်းမှ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အလိုလိုနေရင်းကိုယ့်ဘောင်းဘီအိတ်ကပ်ထဲကိုယ်ပြန်စမ်းမိတော့ လောလောလတ်လတ်၀ယ်လာခဲ့သောအထုပ်ကလေးတွေက အထဲမှာအထပ်လိုက် ။
ဘယ်လိုလုပ်ရပါ့ .. ကြောက်တယ်တော့မဟုတ်ပါဘူး။ ကိုယ်နဲ့အမျိုးတော်ရမယ့်လူရှေ့မျက်နှာပျက်စရာတွေဖြစ်ကုန်မှာစိုးလို့သာ !
"ဟင် .. ဘာဖြစ်လို့တုံး ဂျက်စတင်"
ရုတ်ဆရက်ကြီးထယ်ဟျောင်းပုခုံးပေါ်ကိုခေါင်းမှောက်ချလာတဲ့ ဂျက်စတင်ကြောင့် ထယ်ဟျောင်းမေးရခြင်းဖြစ်သည်။ ဒီတိုင်းမှီတာမျိုးတောင်မဟုတ်။ မျက်နှာကြီးမှောက်ချပြီးအတင်းပူးကပ်လာတာတောင်ပိုဆိုးတာ။ ရှေ့မှာကိုငယ်လည်းရှိနေသလို ကိုကိုကြီးကလည်းကားတံခါးနားကိုရောက်နေပြီလေ ။ ဒီလိုသရုပ်ပျက်နေလို့ ဘယ်အဆင်ပြေမလဲ ။
"ငါ့များတစ်ကူးတစ်ခစောင့်နေသေးတယ် ။ ဒါမင်းတို့အိမ်မဟုတ်ဘူးလား မဝင်တတ်ဘူးလား ကိုယ့်ဟာကိုယ်"
ကိုကြီးက ရှေ့ခန်းကကိုငယ်နှင့်စကားပြောနေပြီဖြစ်သည့်တိုင် ထယ်ဟျောင်းဆီမှာအတင်းတိုးနေသူကဖယ်မပေးသေး ။ ထယ်ဟျောင်းဇွတ်ရုန်းရင်လည်းပိုသိမှာစိုးရသေးသည်။
"ဂျက်စတင် .. မင်းဘယ်လိုဖြစ်နေလဲ"
"မူးတယ်။ ခေါင်းမူးလို့"
ထိုအခါမှထယ်ဟျောင်းရုန်းနေတာကိုရပ်လိုက်မိသည်။ ဒါပေမယ့်ခဏ .. ခုနကမှတောင် အကောင်းကြီးမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးခေါင်းမူးသွားရတာလဲ ။
ထယ်ဟျောင်းသူ့မျက်နှာကိုလက်နဲ့စမ်းကြည့်မိတော့ ချွေးစေးနည်းနည်းပြန်နေပေမယ့် ကိုယ်ပူတာဘာညာလည်းမရှိပါ ။ ဘယ်လိုဖြစ်နေရတာလဲ ။
"အဲ့ဒါမင်းရည်းစားလား"
"ဗျာ!"
အာရုံက ဂျက်စတင့်ဆီရောက်နေချိန်ကို ကိုကြီးဆီကမေးခွန်းကိုယ့်ဆီရောက်လာတော့ ထယ်ဟျောင်းတော်တော်တောင်လန့်သွားရသည်။ စိတ်ကိုပြန်လည်စုစည်းပြီး ခေါင်းကိုအလျင်အမြန်ညှိမ့်ပြလိုက်ရင်း ..
![](https://img.wattpad.com/cover/346177006-288-k890585.jpg)