episode 35

36.7K 2.1K 537
                                        

unicode

ဂျက်စတင်နဲ့အတူရေချိုးခန်းထဲမှာအချိန်ကုန်ခဲ့လိုက်ရပြီးနောက် ထယ်ဟျောင်းလည်းရေချိုးလိုက်ရတာဖြစ်သည်။ ရေထဲမှာကြာကြာနေလိုက်ရ၍ရော ပင်ပန်းသွားရတဲ့ဒဏ်ကြောင့်ရော ‌နွမ်းဖက်သွားသောထယ်ဟျောင်းကို သူကပဲ အ၀တ်အစားရှာ၍ လဲပေးတာဖြစ်သည်။ အ၀တ်အစားတွေလည်း လဲပြီးရော ဘယ်လိုမှလည်း ဆက်မနေနိုင်သည်နှင့် ထယ်ဟျောင်းကုတင်ပေါ်မှာအိပ်ပျော်သွားခဲ့၏ ။ ထယ်ဟျောင်းအိပ်ပျော်နေစဉ် သူပြန်သွားလောက်မည်ဟု‌တွက်ထားရင်း ထယ်ဟျောင်းနေ့လည် ၂ နာရီလောက်တည်းကအိပ်ပျော်သွားသည်မှာ ညနေစောင်း ၅ ခွဲလောက်မှ ပြန်နိုးလာတာဖြစ်သည် ။

"အင့် .. ဟင်းးမ်"

ထယ်ဟျောင်းနိုးနိုးချင်းမျက်လုံးလေးတွေမဖွင့်မိသေးခင် လက်သီးဆုပ်လေးများနှင့်ရှေ့တွန်းကြည့်လိုက်ပေမယ့် သူကခပ်မာမာအရာ၀တ္ထုကြီးကိုသာတွန်းနေမိတာဖြစ်သည်။ သူ့တစ်ကိုယ်လုံးဟာလည်းလုံး၀နွေးထွေးနေရကာ နှာခေါင်းထဲမှာလည်း သင်းပျံ့‌နေသော ကိုယ်သင်းရနံ့လေးတစ်ခုကိုရနေမိသည်။

"အင်းး"

အိပ်ချင်မူးတူးမို့ ထယ်ဟျောင်းဘာမှမတွေးမိသေးဘဲ ရှေ့ကိုပိုတိုး၀င်ကာ ထိုသင်းပျံ့နေသော အရာ၀တ္ထုကိုနှာဖျားလေးနှင့်ဖိကပ်နမ်းရှိုက်မိသည် ။ ထယ်ဟျောင်းသုံးသည့်ဆပ်ပြာရနံ့လို့ပဲခံစားရပေမယ့် နည်းနည်းတော့ကွဲသည်။ ဘယ်လိုအရာကများထယ်ဟျောင်းကုတင်ပေါ်ကိုရောက်နေရသနည်း။

ထယ်ဟျောင်းလက်ကလေးတွေကို ဆန့်ထုတ်ကာ ရှေ့တည့်တည့်ကအရာကိုပွေ့ဖက်လိုက်တော့ လူတစ်ယောက်ရဲ့ခါးနှင့်တူသည်။ သေးသေးသိမ်သိမ်လေးသာရှိနေသောခါးလေးက ဖက်လို့လည်းကောင်းသည်မို့ ထယ်ဟျောင်းပိုတိုး၍ ဖက်လိုက်သလို မျက်နှာရှေ့ကခပ်မာမာအရာကိုလည်း ထပ်မံ့ကာနမ်းရှိုက်လိုက်မိ၏ ။

ထိုအခါမှ ထယ်ဟျောင်းဖက်ထားသောအရာက ‌ရုန်းသလိုလို ၊ တွန့်သလိုလိုဖြစ်သွားတာကိုခံစားလိုက်ရ၏ ။ထယ်ဟျောင်းထိုတော့မှ ခေါင်း‌ထဲကိုအတွေးတစ်ခုဒိန်းခနဲ၀င်လာကာ မျက်လုံးနှစ်လုံးဟာလည်း ဗြုန်းခနဲပွင့်သွားရတော့သည် ။

RODEO | KVWhere stories live. Discover now