unicode
ညမိုးချုပ်အချိန်ကြီး ထယ်ဟျောင်းကိုဆိုင်ကယ်နဲ့ခေါ်လာတဲ့နေရာက လမ်းဘေးစားသောက်ဆိုင်တွေ ၊ အ၀တ်အထည်ရောင်းဆိုင်တွေနဲ့ အသီးသီးသော ဆိုင်တန်းများရှိရာ ညဈေးတန်းတစ်ခုကိုဖြစ်သည် ။ခပ်အေးအေးရာသီဥတုအခြေအနေနှင့် ညအချိန်ကြီးတွင် ဈေးတန်းကြီးတစ်လျှောက်သွားလာလှုပ်ရှားနေသူများက အများအပြား။ သူတို့နှစ်ဦးက helmet တွေကိုမှန်တွေဖွင့်ထားပြီးပြီဖြစ်သည်။
သူကထယ်ဟျောင်းကို သူ့ရင်ခွင်ထဲမှာထည့်ထားပြီးတော့သာဆိုင်ကယ်ကို အရှိန်နှေးနှေးလေးနှင့် ဈေးတန်းကြီးရှိရာလမ်းအတွင်းသို့စ၀င်သည်။ လူများ၍လားမသိ .. ထယ်ဟျောင်းစိတ်ကမသက်မသာဖြစ်ရ၍ ထယ်ဟျောင်းသူ့ကိုရင်ခွင်ထဲကနေမော့ကြည့်တော့ သူကရှေ့ကိုသာတန်းတန်းကြည့်နေသည်။ ထို့နှင့်ထယ်ဟျောင်း ရှေ့ပြန်လှည့်လိုက်ပြီး မျက်တောင်လေး သုံးချက်လောက်ခတ်ပြီးမှ လုံး၀မသိမသာလေး အောက်ကိုနည်းနည်းပုိတိုးကပ်မိသည် ။ သူ့ရင်ခွင်နဲ့ထယ်ဟျောင်းကျောပြင်ကြားမှာ လေတိုးပေါက်တောင်ရှိမနေတော့။
ထိုစဉ်ဂျက်စတင့်ဆီကထွက်လာတဲ့အမေးစကားတစ်ခွန်း ။
"ခင်ဗျားတစ်ခုခုစားချင်လား"
"ဟင် .. "
ထယ်ဟျောင်းလည်း ထင်မထားတာမျိုးမို့နည်းနည်းတော့ကြောင်သွားသည် ။ဘာလဲ .. ဂျက်စတင်ကသူ့ကိုဒီအထိတကူးတကကြီးခေါ်လာပြီး မုန့်လာ၀ယ်ကျွေးတာတော့မဟုတ်ဘူးမလား။ တော်တော်နဲ့အဖြေပြန်ထွက်မလာသောထယ်ဟျောင်းကြောင့် ဂျက်စတင်ရင်ခွင်ထဲကို ငုံ့ကြည့်လိုက်တော့ တစ်ယောက်သောသူက သူ့ကိုထူးဆန်းသလိုကြည့်နေတာနှင့်တိုးသည်။
ထိုအခါမှ ဂျက်စတင်ကချောင်းတစ်ချက်ဟန့်ပြီး ..
"အဟမ်း ! ကျုပ်က ကျုပ်အိပ်ခန်းထဲက မီးလုံးအတွက်ဓာတ်ခဲလာ၀ယ်တာ .. ခင်ဗျားတစ်လက်စတည်း စားချင်တာစားလို့ရအောင်မေးတာ။ အိမ်မှာလည်းဆန်ပြုတ်ပဲသောက်ခဲ့ရတာဆိုတော့.."
ဂျက်စတင်ထို့သို့ပြောတော့မှ ထယ်ဟျောင်းမျက်နှာက ချက်ချင်းရဲမှည့်လာကာ ထထိုးချင်စိတ်တောင်ပေါက်သွားရသည်။ ဆန်ပြုတ်ပဲသောက်ခဲ့ရတာ အလကားသောက်ခဲ့ရတာလား။ အဲ့လိုဖြစ်အောင်လုပ်လိုက်တာ ဒင်းမဟုတ်ဘူးလား!!