unicode
မနက်ကမှ ပြဿနာဖြစ်ထားလို့ ပတ်သက်ချင်စိတ်မရှိသော်လည်း ရှောင်လို့ကမရသေးပါ။ ညနေ အဲလစ်ကိုစာသင်ရမယ့် ကိစ္စက ထယ်ဟျောင်းအတွက်ရှိနေသေးသည် ။ သူ့အိမ်မှာသွားသင်ရမှာမို့ စိတ်ညစ်ရသော်လည်း ကိုယ့်တာ၀န်ကိုယ်လုပ်ရုံပဲဆိုတဲ့စိတ်နဲ့သာ ကလေးကိုစာသင်ဖို့ထွက်လာခဲ့လိုက်သည် ။
ကံကောင်းသည်လား ကံဆိုးသည်ပဲလားမသိ ။ ထယ်ဟျောင်းရောက်တော့ သူကအပြင်သွားဖို့လှေကားပေါ်ကဆင်းလာတာနှင့်တိုးသည် ။
ထယ်ဟျောင်းသူ့ကိုနည်းနည်းလေးမှ မကြည့်ဘဲ အဲလစ်အခန်းကိုသာသွားဖို့ပြင်လိုက်၏။ထယ်ဟျောင်းဘေးမှာလည်း သူ့အိမ်ကအိမ်စေတစ်ယောက်ရှိသည် ။ ဆွဲလားရမ်းလားတော့ လုပ်ရဲမှာမဟုတ်သလို၊ လုပ်လာခဲ့ရင်လည်း ထယ်ဟျောင်းသူ့ကိုလှေကားပေါ်ကတွန်းချပစ်မှာ။
ဂျက်စတင်သည် အစိမ်း၊ အနက်နှင့်အဖြူ အစင်းတို့ပါသော အင်္ကျီလက်ရှည်ကို ဒူးပြဲဂျင်းအနက်ဖြင့်တွဲ၀တ်ထားသည် ။ဆံပင်ကိုလည်း သေချာဖြီးသင်ထားကာ ခန္ဓာကိုယ်ကလည်း ရေမွှေးရနံ့တို့ကသင်းပျံ့နေ၏ ။ သူ့ပုံစံက မနက်ကထယ်ဟျောင်းနဲ့ပြဿနာဖြစ်ပြီးလမ်းခွဲခဲ့တာအတွက် သာမန်ပဲ၊ ဘာမှမပြောင်းလဲသွားဘူး.. အေးအေးဆေးဆေးပဲဆိုတဲ့ပုံစံ။
သူတောင်မှဒီလိုနေပြနိုင်နေတာဆိုတော့ ထယ်ဟျောင်းကလည်း ပြတ်တာမှ ပြတ် ပြတ် ပြတ် ပြတ်တောင်မြည်သေးသည်။
သူ့ဘေးကဖြတ်ပြီး အပေါ်ထပ်ကိုထပ်ဆက်တက်လာလိုက်လျှင် သူကထယ်ဟျောင်းနှင့်ပါလာသော အိမ်စေကို နောက်ကနေလှမ်းပြောသည် ။
"အဲလစ်ကိုပြောလိုက်ဦး .. ကျုပ်နောက်တစ်နာရီလောက်နေရင်ပြန်လာခဲ့မယ်လို့"
"ဟုတ်ကဲ့ သူဌေးလေး"
အသံကထယ်ဟျောင်းသေချာကြားရလောက်သည်အထိပြတ်သားသည်။ ထယ်ဟျောင်းကတော့ သူ့ကိုလှည့်မကြည့်နေတော့ဘဲ အဲလစ်အခန်းဆီကိုသာတည့်တည့်မတ်မတ်လျှောက်သွားခဲ့လေသည် ။
လှေကားပေါ်မှာကျန်နေခဲ့သော ဂျက်စတင်က အပေါ်ထပ်တက်သွားသူရဲ့ကျောပြင်ကိုကြည့်ပြီး မျက်ခုံးတို့ကတွန့်ချိုးလျက် ။
![](https://img.wattpad.com/cover/346177006-288-k890585.jpg)