The Challenge of Love
Part (7)
Ring>>>>ring >>>>ring
တွယ်တာသည် ခရမ်းနုရောင်တွေနဲ့ချည်းအလှဆင်ထားသောသူမရဲ့အိပ်ခန်းထဲမှာ ကုတင်ခြေရင်းမှာရှိသောမှန်တင်ခုံရှေ့၌ကျကျနနထိုင်ပြီးအလှပြင်နေရင်းကနေ အိပ်ယာပေါ်မှာဒီတိုင်းပစ်တင်ထားတဲ့သူမရဲ့ဖုန်းကနေမြည်လာသောကြောင့် ဖုန်းကိုလှမ်းယူကြည့်လိုက်တဲ့အခါ Screen ပေါ်မှာပေါ်နေသော အသည်းပုံအညိုကလေးနဲ့ Ko Yan Gyi ဆိုတဲ့နာမည်အားတွေ့တာနဲ့ မျက်နှာကလေးကသိသိသာသာပြုံးသွားကာမြန်မြန်ပဲကိုင်လိုက်သည်။
"ဟယ်လို...ကိုရန်ကြီး!"
"အင်းတွယ်တာ...Result ထွက်ပြီဆို"
"ဟုတ် တွယ်တာအောင်တယ် ဂုဏ်ထူး၃ခုပါတယ်"
တွယ်တာက ဖုန်းနဲ့ပြောနေပေမဲ့အပြင်မှာပါခေါင်းကလေးညိတ်ကာဖြေလိုက်သည်။
"မင်းအောင်မယ်ဆိုတာသိပါတယ် ငါတို့ တရုတ်ကြီးတို့တောင် အောင်လာသေးတာပဲ ဂုဏ်ထူး၃ခုတောင်ပါတာဆိုတော့ ဘာကျွေးမှာလဲ"
"ကိုရန်ကြီးက ဘာစားချင်လဲ"
တွယ်တာ့ကိုစားမလား ဟိဟိ။
တွယ်တာစိတ်ထဲကနေဆက်မေးနေရင်းပြုံးစိစိနဲ့ကိုယ့်ဟာကိုယ်ရယ်လိုက်မိသည်။
"ဟား...ဟား....မင်း မာမားကဂုဏ်ပြုပွဲလုပ်ဦးမှာထင်တယ်အဲ့ဒီရောက်မှစားတော့မယ် အခုကမင်းကို Congratulations လှမ်းလုပ်တာ "
"ဘာလို့လူကိုယ်တိုင်လာမပြောတာလဲ"
"အဲ့ဒီဘက်မရောက်ဖြစ်လို့လေ လူကိုယ်တိုင်လာမှဆိုရင်နောက်ကျသွားမှာပေါ့"
"အခုလည်းတွယ်တာကကျေနပ်ပါတယ် ကိုရန်ကြီးကဖုန်းဆက်တယ်ကိုငထူးက Messenger ကနေလှမ်းမေးတယ် အစ်ကိုအရင်းကတော့ခုထိတွယ်တာဂုဏ်ထူးဘယ်နှခုပါလဲမသိသေးဘူးရယ်"
"တရုတ်ကြီးကို မင်းပါပါးကရာထူးတိုးပေးထားတယ်လေ "
"ဟင်...ဟုတ်လား?"
"ဟော...မင်းလည်း မင်းအစ်ကိုရာထူးတိုးတာတောင်မသိဘူးမလား"
ဟုတ်ပါရဲ့...တွယ်တာတို့မောင်နှမကတော့တကယ့်စံပဲ။ တစ်ယောက်အကြောင်းတစ်ယောက်မေးထားမြန်းထားတာကိုမရှိဘူး။ တစ်အိမ်ထဲနေပြီးအကြည့်ချင်းဆုံရင်တောင်မျက်စောင်းထိုးနေကြတဲ့မောင်နှမဖြစ်သည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...