Part (52) Uni/Zawgyi

14.4K 519 18
                                    

The Challenge of Love
Part (52)

"သည်းလေး....သည်းလေး...."

ရန်ကြီးအိပ်ယာပေါ်မှာစောင်ပုံကြီးထဲလုံးထွေးပြီးအိပ်မောကျနေတဲ့ချစ်သူလေးကို ပုခုံးကလေးကနေလှုပ်နှိုးလိုက်ပါသည်။

"ဟင့်အင်း...."

မနေ့ညကသူမိုင်ကုန်ကြမ်းတမ်းထားတာမို့ သူမအိပ်ရေးဝမှာမဟုတ်သေးတာသိပေမဲ့ အိမ်ပြန်ရတော့ပေမည်မို့မနှိုးလို့လည်းမရပါ။

"ပြွတ်...ထတော့သည်းလေး... "

ရန်ကြီးက သူမရဲ့ပုခုံးကလေးအား နမ်းလိုက်ရင်း သူမလည်တိုင်းကြားသို့ခေါင်းနဲ့တိုးကာဝေ့ရမ်းလိုက်သည်။

"အင်းဟင့်....အိပ်ချင်သေးတယ်..."

တွယ်တာက ပက်လက်လှန်လိုက်ပြီး ရန်ကြီးခေါင်းကိုဖက်ထားရင်းပြောလိုက်သည်။

"ပြန်ရဦးမယ်သည်းလေးရဲ့ မိုးလင်းနေပြီ"

ရန်ကြီးခေါင်းကိုသူ့ရင်ဘက်ပေါ်ဖိပြီးဖက်ထားတာမို့ ရန်ကြီးက တွယ်တာ့ရင်သားအိအိတွေအပေါ်သို့သူ့မုတ်ဆိတ်မွှေးငုပ်စိတွေနဲ့ပွတ်တိုက်လိုက်သည်။

"အား...ခိခိ...ယားတယ် ကိုကို...သူများအိပ်နေတာကို"

ရန်ကြီးခေါင်းကိုတွန်းလွှတ်လိုက်တော့ရန်ကြီးက ခေါင်းအုံးပေါ်သို့လက်ထောက်ပြီး တွယ်တာ့မျက်နှာလေးကိုစိုက်ကြည့်လာသည်။

"စောနကလိုပြန်ဖက်ပါဦး "

"ဖက်ချင်ဘူးသွား...သူ့အမွှေးငုပ်စိတွေကစူးတယ်"

"မဖက်ဘူးဆိုရင် ထတော့..."

"ထချင်ဘူး တွယ်တာ ပင်ပန်းတယ် "

"ကိုကိုသိတယ်....လာ ကိုကိုချီမယ် "

"ကိုကိုသိရမှာပေါ့ ကိုကို့ကြောင့်လေ... ကိုကိုကအရမ်းဆိုးတာပဲ တွယ်တာ့ကိုမညှာဘူး "

တွယ်တာက ရန်ကြီးနှဖူးကိုလက်ညှိုးနဲ့ထိုးပြီးနှုတ်ခမ်းလေးဆူကာပြောလေသည်။

"ကိုကိုအဲ့အချိန်ဆိုတကယ်မလျော့နိုင်ဘူး သည်းလေး...မင်းမကြိုက်ဘူးဆိုရင်တော့ ကိုကိုတို့အဲ့ကိစ္စကိုမလုပ်ဖို့....."

The Challenge of Love (OC)Where stories live. Discover now