The Challenge of Love
Part (67)"ကြည့်ဦး တွယ်တာနမ်းမယ့်နှုတ်ခမ်းလေးကိုပေါက်ပြဲသွားအောင် ဘယ်ကောင်ကထိုးလိုက်တာလဲ "
တွယ်တာသည်ရန်ကြီးနဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး နှုတ်ခမ်းကိုဂွမ်းစလေးနဲ့ဆေးထည့်ပေးရင်းမကျေမနပ်ဆိုလာသည်။
"လက်တွေလည်း ပေါက်လို့ "
လက်သီးနဲ့ပိတ်ထိုးလာတော့အရိုးနေရာတွေကနည်းနည်းယောင်နေသ၏။
"ဘယ်နားကျန်သေးလဲ "
"ကျောဘက်ကိုတစ်ချက်ကြည့်ပေး"
ရန်ကြီးက ဝတ်ထားတဲ့T Shirt ကို ချွတ်ပေးလိုက်တော့ တွယ်တာက ရန်ကြီး၏ဗိုက်ကြွက်သားနဲ့ရင်အုပ်ကြီးကိုကြည့်ရင်း အောက်နှုတ်ခမ်းလေးကိုအသာလေးကိုက်လိုက်သည်။
ရန်ကြီးက တွယ်တာ့ကိုကျောပေးပြီးဟိုဘက်လှည့်သွားတော့မှ တွယ်တာလည်းမျက်ခုံးတစ်ချက်ပင့်၍ခေါင်းခါရမ်းလိုက်သည်။
ဒီချိန်မှာငါဘာတွေတွေးနေပါလိမ့်!
တွယ်တာ ရန်ကြီးကျောကိုမြင်တော့စိတ်မကောင်းဖြစ်ရသည်။
ကျောဘက်က တစ်ခုခုနဲ့အရိုက်ခံထားရသလိုမျိုးညိုမဲနေတဲ့အရာကြီးကိုတွေ့ရသည်။
"နာလား "
တွယ်တာက လက်ညှိုးလေးနဲ့ဖိနှိပ်လိုက်တော့ရန်ကြီးကနည်းနည်းတွန့်သွားသည်။
"အင်းနည်းနည်းပေါ့"
"တွယ်ဆေးလိမ်းပေးရုံနဲ့ရပါ့မလား ဆေးခန်းသွားမလားကိုကို "
"ဆေးလိမ်းပေးခဲ့ပါမနက်ကျသက်သာသွားမှာ "
"ခေါင်းမာလိုက်တာ ကိုကိုကလည်း "
တွယ်တာလည်း Fighter တစ်ယောက်ရဲ့အိမ်မှာရှိတဲ့ အနာသက်သာစေမယ့်ဒဏ်ကြေလိမ်းဆေးအချို့ကို သေချာလေးလိမ်းပေးလိုက်သည်။
လက်ပျဥ်နှစ်ခုကြားအလယ်မှာ ရှိနေသော တက်တူးအား တွယ်တာထိကိုင်ကြည့်သည်။
ကျယ်ပြန့်လှသည့်ကျောပြင်ကြီးနဲ့ ကြွက်သားများကြွတက်နေသောလက်မောင်းကြီးတွေက အင်မတန်ကြည့်လို့ကောင်းလှသည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...