The Challenge of Love
Part (5)
"လုပ်ပါဟဲ့ နင်တို့ကလည်းလိုက်ခဲ့ကြပါ "
တွယ်တာသည် မုန့်စားကျောင်းဆင်းချိန်အတွင်း သူငယ်ချင်း၂ယောက်ကို အကင် ၁ထောင်ဖိုးစီနဲ့လာဘ်ထိုးပြီး နေ့ခင်း၁နာရီကျောင်းလစ်ကာ ကိုရန်ကြီးရဲ့လက်ဝှေ့ပွဲသွားကြည့်ဖို့မဲဆွယ်နေသည်။
"ဟဲ့ဟိုတစ်ခါကလည်း ငါတို့၃ယောက်လုံး နင့်အစ်ကိုနဲ့မိထားတာနော် ကျန်တာအဆင်ပြေပေမဲ့ကိုတရုတ်ကြီးငြိုငြင်မှာတော့မခံချင်"
ပန်းနုသည် တွယ်တာဝယ်ကျွေးတဲ့အကင်တွေစားပြီးတွယ်တာနဲ့မလိုက်နိုင်ကြောင်းငြင်းနေသည်။ တွယ်တာလည်းပန်နုဘက်ကမီးစိမိးမပြတာကြောင့်လဝန်းဘက်သို့လှည့်ရသည်။
"ငါကလိုက်ပေးချင်ပါတယ်ဒါပေမဲ့ ကိုရန်ကြီးပွဲဆိုတော့ ကိုထူးလည်းရှိနေမှာ မြင်သွားရင်အဆူခံရမှာ"
"နင်တို့ကလည်း မမြင်အောင်ပုန်းလို့ရပါတယ် အဲ့ဒီပွဲမှာလူတွေအများကြီးငါတို့ကိုမရှာနိုင်ပါဘူးဟဲ့"
"ဟဲ့အရင်တစ်ခါကပဲနင့်အစ်ကိုကငါတို့ကိုဂုတ်ဆွဲပြီးအပြင်ထုတ်သွားတာလေ ဘာလို့မရှာနိုင်ရမှာလဲ"
"အဲ့ဒီတုန်းက ကျောင်းစိမ်းကြီးနဲ့သွားတာကိုးဟဲ့ ငါတို့၃ယောက်တည်းကျောင်းသူတွေဆိုတာသိတော့ဝိုင်းကြည့်ခံရတာလေအဲ့ကျမှတော့ကိုကြီးကတွေ့မှပေါ့ဟဲ့"
"အခုလည်းကျောင်းစိမ်းကြီးနဲ့လေ"
"ငါ့မှာအဝတ်စားအပိုပါတယ် နင်တို့အတွက်ပဲလိုတာငါကထဘီအောက်မှာဘောင်းဘီပါသေးတယ် ရင်ဖုံးအင်္ကျီအဖြူကိုမနက်ကဝတ်လာတဲ့အပေါ်ဝတ်လက်ရှည်နဲ့လဲဝတ်လိုက်ရပြီ နင်တို့၂ယောက်ဝတ်ဖို့ ဂါဝန်တစ်ထည်စီထည့်ခဲ့တယ်"
လဝန်းနဲ့ပန်းနုတော့အားလုံးအဆင်သင့်စီစဥ်လာတဲ့တွယ်တာ့ကြောင့်အခက်တွေ့နေလေပြီ။
"နေပါဦး ပွဲလက်မှတ်ကရှိလို့လား!"
ပန်းနုက ကျောင်းတက်ခါနီးမေးချလိုက်တော့ တွယ်တာကခေါင်းရမ်းသည်။
"အဲ့တာကိုနင်ကဘယ်လိုသွားကြည့်မှာလဲ"
"အဲ့ဒီရောက်မှ လက်မှတ်ဖြတ်ရမှာ အချိန်ကသိပ်မရှိဘူး နင်တို့မလိုက်လည်းနေခဲ့ငါတစ်ယောက်တည်းသွားကြည့်မယ်"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...