Part (73) Uni/Zawgyi

17.8K 681 16
                                    

The Challenge of Love
Part (73)

"ပစ္စည်းမကျန်ခဲ့စေနဲ့နော်"

"မကျန်ခဲ့ပါဘူး အကုန်ကြည့်ပြီးပါပြီ ကိုကိုရဲ့ "

တွယ်တာ့လက်ဂေ့ချ်ကို သယ်ပေးရင်းနဲ့ ဟိုတယ်အခန်းထဲပြန်လှည့်ကြည့်၍ ကိုကိုကပစ္စည်းမကျန်ခဲ့စေရန်သတိပေးသည်။

"မင်းပစ္စည်းတွေက ပိစိသေးသေးလေးတွေရောအများကြီးပဲမို့လို့"

"အကုန်ပါတယ် တွယ်တာက အဲ့လိုမေ့ကျန်ရစ်တာမရှိဘူး "

"မင်းအစ်ကိုကတော့နေရာတကာမေ့နေတာ သူနဲ့ဆိုဟိုတယ်ကို၂ခေါက်လောက်ပြန်ရတယ်"

"တွေ့လား ကိုကြီးနဲ့တွယ်တာနဲ့အဲ့တာကွာတာပဲ တွယ်တာနဲ့တခြားစီ ဘာမှစေ့စေ့စပ်စပ်ကိုမရှိဘူး "

တွယ်တာက ရန်ကြီးရဲ့လက်မောင်းကိုချိတ်တွယ်ရင်းနဲ့ အစ်ကိုဖြစ်သူရဲ့အတင်းကိုကပ်ပြောသည်။

ရန်ကြီးကတော့မောင်နှမ၂ယောက်လုံးအကြောင်းကိုကကြီးကနေအအထိသိပြီးသားမို့ရယ်ပဲရယ်နေ၏။

လေယာဥ်ပေါ်ရောက်တော့ တွယ်တာက ကိုကို့ပခုံးပေါ်မှီပြီး Selfie ရိုက်သည်။ ရန်ကုန်ရောက်မှ Story တင်မည်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပုံကိုမလှမချင်းတစ်ပုံပြီးတစ်ပုံရိုက်သည်။

"တရုတ်ကြီးက တကယ်လာမကြိုဘူးထင်တယ်"

"ဟုတ်တယ် စိတ်ညစ်တယ်အဲ့ဒီ ကိုကြီးတစ်ယောက်နဲ့လည်း သူ့ကိုမိန်းမမရဘူးပြောတာကိုအလကားစိတ်လာကောက်နေတယ် "

"အဲ့တာစိတ်ကောက်တာမဟုတ်လောက်ပါဘူး သူမအားတာဖြစ်မှာ ကိုကိုတို့လေယာဥ်စိုက်မှာကနေ့လည်ကြီးသူက ရုံးမှာလေ "

"ဘာမှမဟုတ်ဘူး သူ့ဟာသူ လာမကြိုချင်လို့ရယ် သက်သက်မဲ့အကျင့်ပုတ်တာ"

"သူလာမကြိုလည်း ကိုကိုတို့ဘာဟာ တက်စီစီးသွားလို့ရပါတယ် သည်းလေးရဲ့ ဘာမှမဖြစ်ဘူးအိမ်ရောက်ရင်မင်းအစ်ကိုနဲ့ရန်ဖြစ်မနေနဲ့"

"သူ့သူငယ်ချင်းကျ သိတတ်တာနော် မသိရင်တွယ်တာကများကိုကြီးကိုအလကားလိုက်ရန်လုပ်နေသလိုပဲ ရပါတယ် ကိုကိုက သူ့သူငယ်ချင်းဘက်ကဆိုတာသိလိုက်ရပါပြီ"

The Challenge of Love (OC)Dove le storie prendono vita. Scoprilo ora