Part (30) Uni/Zawgyi

26.2K 680 34
                                    

The Challenge of Love
Part (30)

ဒီနေ့ ရန်ကြီးတို့ Sky Bar မှာ ဘီယာ Date ဖြစ်ကြသည်။ အကြောင်းအရင်းကတော့နေကပူတာနဲ့ လေတိုက်မည့်အမြင့်ဆုံး ခေါင်းမိုးထပ်Barကိုရွေးလာခဲ့ခြင်းဖြစ်၏။

သင်္ကြန်ပြီးလို့ ထူးမြတ်လင်းအိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေသွားယူတုန်းက မတော်တဆတွေ့ခဲ့ပြီးကတည်းက ထပ်မတွေ့ဖြစ်ကြတာမို့ဒီတစ်ခေါက်အေးဆေးတွေ့ကြသည်။

၃ယောက်သား ဝရန်တာအစွန်ကဝိုင်းမှာထိုင်ကြပြီး Budweiser Beer ကိုတစ်ယောက်တစ်ပုလင်းနှုန်းနဲ့၃ပုလင်းမှာထားလိုက်ကြသည်။

နွေပူပူမှာ ဘီယာအေးအေးလေးသောက်ရတာလောက် ကောင်းတာမရှိ။

ခိုင်မြဲသည်ဘီယာကိုပုလင်းလိုက်မော့ပြီး ရင်ထဲအေးသွားတဲ့ခံစားမှုကိုအတိအကျခံစားနေသည်။

"ဟျောင့် ဟိုနေ့က ကိစ္စဆက်ပါဦး "

ထူးမြတ်လင်းက အစမရှိအဆုံးမရှိနဲ့ ခိုင်မြဲအားပြောသည်။

"ဘယ်ကိစ္စလဲ "

"ဟိုဟာမလား ဆုယွန်းယွန်းထက်လာAddတဲ့ကိစ္စ"

ရန်ကြီးက သူလည်းသိချင်နေတာမို့ ဘယ်ကိစ္စကိုပြောတာလဲဆိုတာတန်းသိသည်။

"သြော်...ဟုတ်တယ် ရုတ်တရက်ကြီးလာAddတော့ ငါတောင်လန့်သွားတာ "

"ဆိုတော့ ဘာဆက်ဖြစ်ကြလဲ မင်းတို့Friend ဖြစ်တာ တစ်ပတ်လောက်ရှိပြီဆိုတော့ "

ထူးမြတ်လင်းက ခိုင်မြဲအဖြေကိုနားထောင်ပြီးဆက်မေးသည်။

"ဘာမှမဖြစ်ဘူး Friend ပဲ ဖြစ်တာ"

"မင်းကလည်းကွာ ညံ့တာ ဟိုကလာတောင်Addတာကို မင်းကနည်းနည်းပါးပါးတော့ဇာတ်လမ်းစလေကွာ"

"ဟ...ငါမှသူ့ကိုအရင်လိုစိတ်မဝင်စားတာ ဘာစရမှာလဲ"

"ဟျောင့် လာaddတဲ့ဟာကို ငါတို့ Screenshot လာပြကတည်းက မင်းသူ့အပေါ်မှာစိတ်ဝင်စားနေသေးလို့ပေါ့"

ရန်ကြီးက တစ်ချက်ဝင်ပြောပြီးဘီယာကိုတစ်ငုံငုံလိုက်သည်။

"မင်းအဲ့ဒီလို တုံးလို့ စော်မရှိတာအခုထိ!"

"ငါတစ်ယောက်တည်းမဟုတ်ဘူး ဟျောင့် မင်းဖေကိုရှေ့တည့်တည့်ထားပြီးမေ့မနေနဲ့"

The Challenge of Love (OC)Dove le storie prendono vita. Scoprilo ora