Part (18) Uni/Zawgyi

10.9K 398 6
                                    

The Challenge of Love

Part (18)

🎵 မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစတန်ခူးလေမှာ

တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖြန်းပက်ကြစဥ် ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ

ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ 🎵

April လမရောက်ခင်ကတည်း သင်္ကြန်သီချင်းတွေကြားနေခဲ့ရတာ။

အလှူအိမ်ကစလို့...ထီဆိုင်နဲ့အချဥ်ပေါင်းသည်အဆုံး နှစ်တိုင်းနားထောင်လို့မရိုးတဲ့ သင်္ကြန်သီချင်းများကိုအပြိုင်အဆိုင်ဖွင့်နေကြသည်။

" ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငိုနေရှာတဲ့ ပန်းပိတောက်ဖူးတွေလည်း
ရာသီချိန်မီလှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ပန်ဆင်ပါရင် လှသတဲ့တင့်မှာမို့ "

TV ကလာနေတဲ့ သီချင်းကို လိုက်ဆိုရင်းအပေါ်ထပ်ကနေ ဆင်းလာတဲ့တွယ်တာသည် ရုံးပိတ်ရက်မို့ ညနေပိုင်းTVအတူကြည့်နေကြသော ပါပါးနဲ့မာမားတို့ရှေ့ကဆိုဖာမှာဝင်ထိုင်လိုက်သည်။

"ပါပါးနဲ့ မာမား ဒီနှစ် သင်္ကြန်တော့ မာမားတို့နဲ့မလိုက်တော့ဘူးနော် နှစ်တိုင်း သမီးမှာ မာမားတို့၊ ဘွားဘွားတို့နဲ့လိုက်နေရတာ ပျော်ကိုမပျော်ရဘူး ဒီနှစ်တော့ ကိုကြီးနဲ့နေခဲ့မယ် သမီးလည်းသင်္ကြန်လည်ချင်တာပေါ့"

တွယ်တာက သူမအသက်လည်း နောက်လပိုင်းလောက်နေရင်၁၉နှစ်ပြည့်တော့မည်၊ သင်္ကြန်တိုင်း မာမားတို့နဲ့အတူ ဘိုးဘိုးနဲဘွားဘွားတို့အားဘုရားဖူးလိုက်ပို့တာပဲလိုက်နေရသည်၊ လူငယ်ပီပီတစ်ကြိမ်တစ်ခါမှသင်္ကြန်ရေပက်ခံထွက်လို့လည်ရတယ်မရှိခဲ့သေး။

ထို့ကြောင့်ဒီနှစ်တော့ လူကြီးတွေသွားတဲ့ခရီးစဥ်အားမလိုက်နိုင်ကြောင်း သင်္ကြန်မတိုင်ခင်တန်ခူးလရောက်ကတည်းကကြိုပြောလိုက်တော့၏။

" ဒီနှစ်အင်းလေးဘက်သွားမှာ သမီးရဲ့ မလိုက်ချင်ဘူးလား"

ပါပါးက တွယ်တာမရောက်ဖူးသေးတဲ့အင်းလေးသွားမည်ဖြစ်ကြောင့် စကားစလာသည်။

The Challenge of Love (OC)Where stories live. Discover now