Part (55) Uni/Zawgyi

12.9K 485 19
                                    

The Challenge of Love
Part (55)

ရန်ကြီးက Camp ပြန်ဝင်နေရပြီဖြစ်ပြီး လီယမ်ချမ်းနဲ့ထိုးရမယ့်ပွဲကလည်းနီးကပ်လာပြီဖြစ်သည်။

တွယ်တာ့အိမ်ကလည်း တွယ်တာထင်သလောက်ထိတော့လိုက်မချုပ်ပေမဲ့ ဆင်တော့ဆင်ခြင်ရသည်။

ထို့ကြောင့်တွယ်တာနဲ့ကိုကိုလည်းအရင်လိုနေ့တိုင်းကြီးမတွေ့ဖြစ်ကြပဲ၁ရက်ခြား၂ရက်ခြားမှတစ်ခါတွေ့ရပြီးတစ်ခါတစ်လေဆို၃ရက်လောက်ထိ လုံးဝမတွေ့ရဘဲဖုန်းနဲ့ပဲဆက်သွယ်ရတဲ့အခါမျိုးတွေရှိသည်။

ကိုကြီးကတော့အဆင်ပြေလားမေးလေ့ရှိပြီး တစ်ခါတစ်လေကိုကိုဝယ်ပေးလိုက်တဲ့မုန့်တွေကိုတွယ်တာ့ဆီယူလာပေးလေ့ရှိသည်။

တစ်သက်လုံးဒီအစ်ကိုနဲ့မတည့်ဘဲရန်ဖြစ်လာလေ့ရှိပေမဲ့အခုတော့လည်း ကိုကြီးကအရမ်းချစ်ဖို့ကောင်းတာပဲဟုစဥ်းစားမိသည်။

*
*
*

"မင်းကောင်မလေးအိမ်က မင်းနဲ့သဘောမတူဘူးကြားတယ် "

ရန်ကြီးတို့ Training Room အထိရောက်လာတာမို့ရန်ကြီးမှာမတွေ့ချင်လည်း အေမီနိုင်နဲ့အတူ လူမရှိတဲ့ အားကစားခမ်းမထဲမှာစကားပြောနေရသည်။

ရန်ကြီးက ဒိုက်ထိုးရင်းနဲ့လာရတာမို့ ဝတ်ထားတဲ့စွပ်ကျယ်တောင်ချွေးတွေရွှဲနေပြီး စိုနေတဲ့ဆံပင်တွေကိုလည်းလက်ဖြင့်နောက်သို့လှန်တင်ထားကာ ဘောင်းဘီတိုနဲ့မို့ ထိုင်နေတဲ့အခါပေါင်ကြွက်သားတွေကိုသေချာမြင်နေရပါသည်။

ခဲရောင်စတိုင်လ်ဘောင်းဘီရှည်နဲ့ ကုပ်အင်္ကျီဝတ်ထားကာ ဆံပင်အနီရောင်အားတစ်ဖက်တည်းသိမ်းချထားတဲ့အေမီနိုင်ဟာ ပါဝါအာဏာရှိတဲ့မိန်းမတစ်ယောက်သဖွယ်အလွန်အရှိန်အဝါကောင်းလှသည်။

"အဲ့တာ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ "

"ငါ့မောင်လေးရဲ့အိမ်ထောင်ဖက်ရွေးချယ်မှုမှာ အစ်မတစ်ယောက်အနေနဲ့ဝင်ပြောခွင့်ရှိတယ်မလား ရန်ကြီးရဲ့ "

"ဘယ်ကအစ်မလဲ ဘယ်တုန်းက ကျွန်တော်က ခင်ဗျားမောင်လေးဖြစ်ရတာလဲ တစ်သက်လုံးခင်ဗျားအဲ့သလိုဘယ်တုန်းကများစဥ်းစားဖူးလို့လား "

The Challenge of Love (OC)Where stories live. Discover now