The Challenge of Love
Part (29)ရန်ကြီး ရေချိုးဖို့ Gymက အများသုံးရေချိုးခန်းထဲသို့ဝင်သွားပြီး ကိုယ့်ကိုယ်ကိုယ်ဘာလုပ်မိလို့လုပ်မိသလဲဆိုတာ စဥ်းစားပြီးစိတ်နဲ့လူနဲ့ကသိပ်မကပ်ချင်။
ဘယ်လိုပင်အဲ့ဒီကလေးမက သူ့ကိုမြူဆွယ်ပါတယ်ဆိုဆို....ကိုယ်ဟာလူကြီးတစ်ယောက် ၊ သူမအားကိုးရတဲ့အစ်ကိုကြီးတစ်ယောက်ဖြစ်သည်။ ဤကဲ့သို့လုံးဝမလုပ်လိုက်သင့်ပေ။
တရုတ်ကြီးအား မည်ကဲ့သို့ပင်မျက်နှာပြရမည်မသိတော့ပါ။ ဤကိစ္စကိုသာတရုတ်ကြီးသိရင် ရန်ကြီးကိုသူငယ်ချင်းစာရင်းကနေများဖြတ်လိုက်မလားတွေးပူမိသည်။
တရုတ်ကြီးနဲ့ဟာ ညီအစ်ကိုအရင်းလို လူမှန်းသိတတ်စမူလတန်းအရွယ်ကတည်းကပေါင်းကြပြီး တွယ်တာ့ကိုလည်းမွေးကာစပေါက်ကတည်းပွေ့ချီခဲ့တဲ့ကိုယ်ဟာ အဲ့ဒီကလေးအပေါ်၎င်းစိတ်တွေယိမ်းယိုင်နေတာမည်မျှကြာသွားပြီမသိ။
ရန်ကြီး အတွေးတွေလွင့်ပျံ့နေကာ ဒီရေပန်းအောက်မှာမည်မျှပင်ကြာအောင်ရပ်နေမိသည်မသိလိုက်ပေ။ ရေချိုးခန်းတံခါးဖွင့်သံကြားမှ ပလက်စတစ်အခန်းစည်းကိုဖယ်ပြီးခေါင်းထွက်ကြည့်လိုက်တာ ဆရာလွင်ဖြစ်နေသည်။
"ဟာ...ငါ့ကောင်မပြန်သေးဘူးလား "
"ဗျာ...ဟုတ်အခုပြန်တော့မလို့ "
ရန်ကြီးသည်ရေချိုးတံဘက်ကိုခါးမှာပတ်ပြီး ရေစက်လက်နဲ့ထွက်လာ၏။
"Gymက ဖုန်းမဆက်လို့ဘယ်သူကျန်နေသေးလို့လဲလာကြည့်တာ မင်းတစ်ယောက်တည်းပါလား"
"ဟုတ်တယ် ကျွန်တော် ဒီနေ့မှGym ပြန်စတာဆိုတော့နည်းနည်းကြာသွားတာ "
"အေးဆေးလုပ် ငါ အပေါ်ထပ်မှာရှိမှာမို့တံခါးမပိတ်ခဲ့နဲ့"
"အိုခေ ဆရာလွင် "
ဆရာလွင် ပြန်သွားတော့ ရန်ကြီးလည်း Locker ခန်းမှာအဝတ်အစားလဲပြီး Gymလာတိုင်းအမြဲယူလာလေ့ရှိတဲ့အိတ်ကိုလက်မှကိုင်ဆွဲ၍ ကားရှိရာသို့ထွက်လာခဲ့သည်။
ကားထဲရောက်တော့အိတ်ကိုဘေးကခုံမှာတင်လိုက်ရင်း အိတ်ရဲ့ဘေးမှာချိတ်ထားသော တွယ်တာပေးထားတဲ့ Boxing လက်အိတ် Key Chain လေးကို မြင်တော့ ကိုင်ကြည့်မိသည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...