Part (26) Uni/Zawgyi

17.7K 554 29
                                    

The Challenge of Love
Part (26)

1:20 AM

တွယ်တာ အိပ်ယာပေါ်မှာ ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့ ဘယ်လိုပင်အိပ်ပျော်အောင်အိပ်အိပ် အိပ်လို့မပျော်ဘဲရင်တွေသာခုန်နေသည်။

တကယ်ဘာလို့များ အဲ့လိုပြောမိခဲ့ပါလိမ့်။
အဲ့တာတွေပြောခဲ့ရုံသာမက တွယ်တာ့ဘက်ကအရင်စပြီးချိန်းဆိုခဲ့သေးသည်။

အိပ်မပျော်တဲ့အဆုံး တွယ်တာခေါင်းရင်းကဖုန်းကိုယူပြီး လိုင်းခဏသုံးဖို့ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့အချိန်အားဖြင့် ၁နာရီတောင်ကျော်နေပြီမို့ အိပ်ရေးသာမဝရင်မနက်ဖြန်ကိုရန်ကြီးနဲ့တွေ့တဲ့အခါမျက်ကွင်းတွေများညိုမဲနေမလားမသိ။

အဲ့သလိုတော့မဖြစ်၊ တွယ်တာဟာကိုရန်ကြီးရှေ့မှာလှနေမှဖြစ်မည်။ အထူးသဖြင့်မနက်ဖြန်မှာကိုရန်ကြီးရှေ့တွင်တကယ်လှနေမှကိုဖြစ်လိမ့်မည်။

တွယ်တာချက်ချင်းဖုန်းကိုခေါင်းရင်းသို့ပြန်တင်လိုက်ကာ မျက်လုံးစုံမှိတ်ပြီးမရရအောင်အိပ်တော့သည်။

*
*
*

10: 00 AM

တွယ်တာရော ခိုင်မြဲရောအိမ်ရှေ့မှာ မတ်တပ်ရပ်ပြီးခြံထဲသို့ဝင်လာတဲ့ ကားကိုစောင့်နေကြ၏။

တွယ်တာတို့နဲ့အတူကြီးကြီးရွှေကလည်းပစ္စည်းတွေကူသယ်ပေးဖို့စောင့်နေသေးသည်။ ကြီးကြီးရွှေကတွယ်တာမနိုးခင်ကအိမ်ပြန်ရောက်နေသည်ထင်ပါရဲ့။

ကားရပ်တော့တွယ်တာတို့မောင်နှမလည်း ပါပါးနဲ့မာမားကိုကားအနားထိပြေးပြီးကြိုလိုက်ကြသည်။

"ဘွားဘွားတို့ရော"

ကားပေါ်ကနေ၂ ယောက်ထဲဆင်းလာကြပြီး Driver ဦးမောင်ကပစ္စည်းတွေထုတ်ပေးနေတာမို့တွယ်တာကမာမားကိုမေးလိုက်ပါသည်။

"သူတို့အိမ်ပို့ထားခဲ့ပြီလေ သူတို့လည်းနားချင်မှာပေါ့ မနက်ဖြန်ကျရင်မောင်နှမ၂ယော​က်သွားလည်လိုက်ကြဦး"

တွယ်တာကမာမားကိုသာမေးနေပေမဲ့ ပါပါးရဲ့လက်ကိုချိတ်ကာအိမ်ထဲဝင်သွားပြီဖြစ်သည်။ မာမားနဲ့ကျန်ရစ်ခဲ့တာကတော့ခိုင်မြဲသာဖြစ်၏။ မာမားကိုပွေ့ဖက်ပြီးပါးကိုနမ်းတော့ မာမားကလည်းသူ့သားကကြီးကောင်ကြီးမားနဲ့သူ့ကိုလာချွဲတာကိုကျေနပ်နေပုံရသည်။

The Challenge of Love (OC)Donde viven las historias. Descúbrelo ahora