Part (66) Uni/Zawgyi

19.4K 631 12
                                    

The Challenge of Love
Part (66)

"ငါတို့ဒီမှာပဲစောင့်ရမှာလား"

ခိုင်မြဲနဲ့ထူးမြတ်လင်းက လမ်းခုလပ်တစ်နေရာမှာကားရပ်ပြီး အရှေ့မှာဆက်သွားနေတဲ့ရန်ကြီးကိုဖုန်းဖြင့်လှမ်းမေးသည်။

"အေးဟုတ်တယ်....ငါအချက်ပြမှ ရဲကိုဖုန်းဆက်ပေး"

"မင်းဒီလိုလုပ်မှာသေချာပြီလား ရန်ကြီး"

ခိုင်မြဲက ထူးမြတ်လင်းမောင်းသောကားကိုဘေးကထိုင်လိုက်စီးရင်းနဲ့ထူးမြတ်လင်းဖုန်းထဲကနေလှမ်းမေးလိုက်သည်။

"ဘာလို့မသေချာရမှာလဲ တရုတ်ကြီး"

"သူက မင်းအစ်မလေ"

"ငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့မိန်းမပါ တရုတ်ကြီး She's not my sister, they are not my family! "

"အေးပါအဲ့တာဆိုလည်းပြီးတာပဲ မင်းတစ်ခုခုဆိုချက်ချင်းအသိပေးနော်ငါတို့ကို"

"အေးပါ ဘာမှစိတ်မပူနဲ့ မင်းတို့သာအသင့်စောင့်နေ"

ဖုန်းချလိုက်ပြီးနောက် ခိုင်မြဲနဲ့ထူးမြတ်လင်းတို့ကားထဲမှာပဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းသက်ပြင်းချလိုက်ကြသည်။

"ငါထင်တာတော့ ရန်ကြီးလုပ်တာမှန်ပါတယ် သူ့အစ်မဟုတ်တာမဟုတ်တာဖယ်ထားလိုက် ဒီကိစ္စက Underage Rape Case နဲ့ ဆေးမှုကွ မင်းထက်ပိုင်အသက်က ၁၃ ၁၄ပဲ ရှိသေးတယ်သူ့ကိုအဲ့ဒီမိန်းမဘာတွေနဲ့သိမ်းသွင်းထားလည်းမင်းလည်းဟိုနေ့ကမျက်မြင်ပဲ တရုတ်ကြီးရ "

"အေး ငါတို့ကောင်ကြီးကစိတ်မာလို့တော်သေးတယ်ကွာ ရန်ကြီးလည်းဘယ်လောက်တောင်ခံခဲ့ရလိုက်မလဲအဲ့ဒီအရွယ်က "

"သူ့မျက်နှာနဲ့ကျောတွေ လက်သည်းကုပ်ရာတွေတခြားဒဏ်ရာတွေရလာလို့ငါတို့​မေးတိုင်းသူ ပွင့်ပွင့်လင်းလင်းမှမပြောနိုင်ဘဲ ငါတို့ကလည်းဒီတိုင်းမိထွေးနဲ့Step Sisterက နှိပ်စက်တယ်ပဲထင်ခဲ့တာကိုး"

"အဲ့ဒီကောင်ကျောက တက်တူးထိုးတုန်းကငါတို့တောင်မသိလိုက်ဘူးလေ အဲ့တာလည်း အမာရွတ်ကိုတက်တူးနဲ့ဖုံးလိုက်တာပဲကွ"

"မင်းကဘယ်လိုသိတာလဲ "

ထူးမြတ်လင်းက ပြန်မေးတော့ ခိုင်မြဲကမျက်ခုံးပင့်ပြသည်။

The Challenge of Love (OC)Where stories live. Discover now