Part (64) Uni/Zawgyi

14.9K 549 9
                                    

The Challenge of Love
Part (64)

ဒီနေ့မနက် ၇နာရီကပဲ တွယ်တာတို့ကျောင်းကငှားတဲ့ကားနဲ့ တွယ်တာတို့သူငယ်ချင်းသုံးယောက်လုံးလေ့လာရေးခရီးပါသွားကြပြီဖြစ်သည်။

ခရီးက ၂ညအိပ် ၃ရက်ကြာမှာဖြစ်၏။ ရန်ကြီးကတော့ စိတ်မချပေမဲ့ တွယ်တာကလိုက်လာရင်ပြတ်မယ်ပြောလို့ ဘယ်ရောက်ရောက်Message ပို့ဖို့တော့တောင်းဆိုလိုက်သည်။

တကယ်တော့ ရန်ကြီးတစ်ယောက် တွယ်တာ့ဆီလိုက်သွားချင်ခဲ့တာဖြစ်သည်။ မနေ့က ကားပေါ်မှာထိတွေ့မိတာက မထိတွေ့တာတစ်လကျော်မှဖြစ်ခဲ့တာမို့ အများကြီးစိတ်တွေကြွနေခဲ့တာဖြစ်၏။

ရည်းစားလေးက စိတ်ဆိုးပြီးပြန်ခေါ်တာမကြာသေးတာမို့ ရန်ကြီးဟာလည်းအားလုံးတွယ်တာ့သဘောပေဖြစ်လေရာ အဲ့ဒီနေ့တာတွယ်တာခိုင်းတဲ့အတိုင်းဖက်ထားလျှက်ပဲတစ်နာရီလောက်အချိန်ဖြုန်းခဲ့တာဖြစ်သည်။

•• ဟိုတယ်ပြန်ရောက်ပြီ ••

ရန်ကြီး ထူးမြတ်လင်းတို့စက်ရုံကိုလိုက်လာပြီး ပျင်းပျင်းနဲ့လာထိုင်နေခဲ့တာဖြစ်သည်။

ထူးမြတ်လင်းကတော့ လကုန်ပိုင်းမို့လချုပ်စာရင်းတွေစစ်နေသည်။

ရန်ကြီးကတော့ ထူးမြတ်လင်းဘေးမှာကုလားထိုင်တစ်လုံးချပြီးတွယ်တာ့ဆီက Message ဖတ်ရင်းတပြုံးပြုံးဖြစ်နေသည်။

•• ခဏနားလိုက်ဦးလေ မင်းတို့ဘုရားတွေလှည့်ဖူးရတာပင်ပန်းနေမှာပဲ ••

•• ဟုတ်တယ် ပုဂံကပူလိုက်တာ ••

•• မိုးမရွာဘူးထင်တယ် ဒီမှာတော့မိုးဖွဲဖွဲလေးတွေကျနေတာ ••

•• မရွာဘူး ရောက်ပြီဆိုတာပြောပြတာ ဒါပဲပြီးမှဖုန်းဆက်မယ် ••

•• ဟုတ်ပြီသည်းလေး ကိုကိုစောင့်နေမယ် ••

ဗုန်း!

ထူးမြတ်လင်းက စာရင်းစာအုပ်ကိုခပ်စောင့်စောင့်နဲ့စားပွဲပေါ်သို့ပစ်ချလိုက်တော့ ရန်ကြီးက ဖုန်းကြည့်နေရင်းလန့်သွားရသည်။

"မေနိုး လန့်တာဟ ဖြေးဖြေးပိတ်စမ်းပါ စာအုပ်ပိတ်တာကို"

"မင်းဖေက စာရင်းစစ်နေတာ မင်းကဘေးကနေ ကတောင် ကတောင်နဲ့စော်နဲ့ကြည်နူးနေတာလေ ီး! "

The Challenge of Love (OC)Where stories live. Discover now