Part (71) Uni/Zawgyi

13.4K 506 20
                                    

The Challenge of Love
Part (71)

"ဖြေနိုင်လားဒီနေ့ "

"ဖြေနိုင်တယ် မနက်ဖြန်တစ်ဘာသာပဲကျန်တော့တာပျော်လိုက်တာ စာမေးပဲဲပြီးရင် ကိုကိုနဲ့ပဲအချိန်တွေကိုကုန်ဆုံးပစ်တော့မယ် "

"အခုတော့ စာလေးကြည့်ပါဦး မမလေး ဖုန်းပြောနေတာကြာနေပြီ ကိုကိုကဖြေနိုင်လားပဲမေးမလို့ဆက်တာ မင်းပဲဆက်တိုက်ပြောလာတယ်အခုမှမေးရတယ် "

"ငြိုငြင်နေတာလား စာမေးပွဲဖြေရမှာပါ တွယ်တာပါ ကိုကိုနဲ့မတွေ့တာကြာလို့လွမ်းနေတာကို "

"မဟုတ်ပါဘူးကွာ မင်းစာကြည့်ချိန်နည်းနေမှာစိုးလို့ပါ မနက်ဖြန်တစ်ဘာသာပဲကျန်တာကောင်းကောင်းစာကြည့်စေချင်လို့ "

"အဲ့တာဆိုလည်းဒါပဲ မာမားကထမင်းစားဖို့ခေါ်နေပြီ "

"အင်း များများစား အိပ်ခါနီးမှခေါ်မယ်"

"ဟုတ် "

တွယ်တာစာမေးပွဲနီးလာပြီဆိုတဲ့၁ပတ်လောက်အလိုကနည်းက ကိုကိုကတွယ်တာ့ကိုဖုန်းသိပ်မဆက်။ အပြင်မှာလည်းတွယ်တာ့ကျူရှင်တွေကြောင့်တစ်မျိုးနဲ့သိပ်မတွေ့ဖြစ်။

တွယ်တာကတွေ့ချင်လှပြီပြောတိုင်းလည်း ကိုကိုက စာမေးပွဲတွင်းသည်းခံလိုက်စာမေးပွဲပြီးမှတွေ့မယ်ချည်းပဲ။

တွယ်တာ့ပညာရေးကိုသူ့ကြောင်းအနှောက်အယှက်ဖြစ်မှာအတော်စိတ်ပူပုံရသည်။

တွေ့ဦးမယ်အဲ့ဒီဘဲ....စာမေးပွဲပြီးမှ ကော်နဲ့ကပ်သလိုကိုလိုက်ကပ်နေဦးမယ်။

ပြီးတော့ဒီအတောအတွင်းလည်းမာမားကို စာမေးပဲဲပြီးရင် တွယ်တာသွားချင်တဲ့နေရာသွားမည်ဟုတစ်ခါတည်းခွင့်တောင်းထားသည်။  အကြောင်းအရင်းကတော့ တွယ်တာ့မှာအစီအစဥ်ရှိတာကြောင့်ဖြစ်သည်။

မာမားကတော့မဟုတ်တရုတ်တွေမလုပ်ဖို့နဲ့၊ မဟုတ်တဲ့နေရာတွေမဟုတ်ရင်ကြိုက်တဲ့ဆီသွားလို့ပြောထားသည်။

ပြီးတော့ ပါပါးရောမာမားရောတွယ်တာ့နဲ့ကိုရန်ကြီးကိုခွင့်ပြုတယ်ဟုမပြောပေမဲ့ မသိချင်ယောင်ဆောင်ပေးနေကြတာကိုတွယ်တာသိသည်။

The Challenge of Love (OC)Where stories live. Discover now