The Challenge of Love
Part (36)"မင်းဒီလိုရှုံးမယ်ဆိုရင်အစကတည်းကမထိုးနဲ့ မင်းကိုငါ့သားလို့ပြောတဲ့အခါရှုံးပွဲတွေအကြောင်းပါလာရင်ရှက်စရာကောင်းတယ် "
အဖေဖြစ်သူရဲ့စကားကိုကြားပြီးနောက်ရန်ကြီးမျက်နှာအတော်တင်းသွားသည်။ တစ်ခါတစ်လေပဲတွေ့တာဖြစ်ပြီးစကားလည်းများများမပြောချင်တာဖို့သည်းခံလိုက်ဖို့ဆုံးဖြတ်ပေမဲ့ ဝါသနာဖြစ်သောလက်ဝှေ့ထိုးတဲ့ကိစ္စနှင့်မသမာမှုဖြင့်ရှုံးနိမ့်ခဲ့ရသောပွဲကိုပြောနေတာမို့ဒေါသကထိန်းမရ။
"ကျွန်တော့်ကိုအဖေ့သားလို့ဘယ်တုန်းကသက်မှတ်ခဲ့လို့ဒီစကားပြောရတာလဲ "
ပထမဆုံးအနေနဲ့ ဤကဲ့သို့ဒေါသဖြင့်ပြန်ပြောခြင်းဖြစ်တာမို့ အဖေရောသူ့မိန်းမရောကရန်ကြီးကိုအံသြစွာကြည့်လာကြသည်။
"အဖေနဲ့ကျွန်တော်တစ်နှစ်ကိုဘယ်နှခေါက်တွေ့လို့လဲ ကလေးတုန်းကဒီမှာနေခဲ့တုန်းကရောအဖေကျွန်တော့်ကိုလာတွေ့လို့လား မိထွေးနဲ့အစ်မနဲ့ပဲပစ်ထားခဲ့တာမလား ကျွန်တော်၁၀တန်းအောင်သလားဘာမေဂျာနဲ့ဘွဲ့ရခဲ့တာလဲ ကျွန်တော့်အသက်ဘယ်လောက်လဲဆိုတာတောင်မသိတဲ့လူက ကျွန်တော့်ကိုသားအဖြစ်သက်မှတ်တယ်ပေါ့!"
"ရန်ကြီးအောင် မင်း...."
"အမလေး...သူကများ လူပါးဝလို့ နင့်ကိုအသက်ရှင်အောင်ကျွေးမွေးခဲ့တဲ့ငါတို့ကိုမှမထောက် "
"အဖေကအိမ်ပေါ်ခေါ်တင်ထားလို့သာ ဒီစကားပြောလို့ရတာ ခင်ဗျားနဲ့ကျွန်တော်ထမင်းစားပွဲတစ်ခုတည်းမှာတောင်အတူတူထိုင်ဖူးလား ဒေါ်ဇင်မာခိုင်!"
"မထိုင်နိုင်ဘူး ဘာဖြစ်လဲ နင့်လို ဘယ်မိန်းမကမွေးလို့မွေးမှန်းမသိ င့ါယောက်ျားနဲ့ပါလာတဲ့ကလေကဝနဲ့ဘာလို့ထမင်းအတူစားရမှာလဲ "
"ဇင်မာခိုင်!"
ထိုအခါ ဦးအောင်သီဟက သူ၏မိန်းမကိုတစ်ချက်အော်လိုက်သည်။
"အို...ဒီမှာ ဦးသီဟ ဒါရှင်နောက်မီးလင်းလို့ပါလာတဲ့ကောင်လေ ကျွန်မပြောတာမှားလို့လား "
"ကဲ တော်ပါတော့ ရန်ကြီးကတစ်ခါတစ်လေလေးအိမ်လာတာကို ဒက်ဒီနဲ့မာမီကဒီလိုဆက်ဆံနေမှာလား "
![](https://img.wattpad.com/cover/331903595-288-k672427.jpg)
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...