The Challenge of Love
Part (49)"အဲ့ဒီတုန်းက ဒိုင်က ဘယ်သူလဲဆိုတာမင်းသိပြီးပြီလား ရန်ကြီး "
"ငါသိပြီးပြီ ငထူး "
"ဘယ်သူတုန်းဟ မင်းတို့ပဲသိနေကြတာငါကဘယ်လွတ်နေတာလဲ"
ဒီနေ့ဆုံဖြစ်တာကတော့ခိုင်မြဲတို့အိမ်မှာဖြစ်သည်။ ခိုင်မြဲ၏ Streamer အခန်းထဲမှာခါတိုင်းလိုပဲစားကြသောက်ကြရင်း Gameဆော့ကြ၏။
ရန်ကြီးနဲ့တွယ်တာ့ကိုလည်းခိုင်မြဲကသိနေပြီးသားဖြစ်တော့ဒီတစ်ခါအိမ်ကိုလာရတာလွတ်လွတ်လပ်လပ်ရှိသွားသည်။
အခုလည်းဂိမ်းဆော့ပြီးခဏနား၍ ၃ယောက်သားစကားပြောနေကြ၏။ Topic ကတော့ ရန်ကြီးခံလိုက်ရတဲ့ပွဲအကြောင်းဖြစ်သည်။
"ဟိုတစ်ခါမင်းမကြည့်လိုက်ရတဲ့ပွဲမှာ လုပ်ခဲ့တဲ့ဒိုင်က သက်သက်ကြီးလုပ်ခဲ့တာလေ အဲ့တာ ဘယ်သူလဲသိလား "
ထူးမြတ်လင်းက ခိုင်မြဲအားပြန်ရှင်းပြနေသည်။
"ဟျောင့်...တွယ်တာကြားသွားရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်"
"မလာပါဘူးအောက်မှ အအေးသွားယူတာကို"
ခိုင်မြဲကသိချင်နေပြီမို့ဇွတ်မေးတော့သည်။
"တစ်ခါ တွယ်တာ့ကိုဟိုကိုင်ဒီကိုင်လုပ်လို့ဆိုပြီးငါတို့ကျောင်းထိသွားသမတဲ့ကောင်ကိုမှတ်မိလား"
"ငါ့ညီမကိုဖင်ကိုင်တဲ့ကောင်ဘာလို့မမှတ်မိရမှာလဲအောက်တန်းစား!"
"အေးအဲ့ကောင်ရဲ့ဦးလေးတဲ့ "
"ဘာ?...ဒါဆို အဲ့တုန်းကသူ့တူကိုရန်ကြီးက မျက်ခွက်စုပ်အောင်ထိုးလိုက်လို့တမင်သက်သက်လက်စားချေတာပေါ့"
"ဟုတ်တယ်...အောက်ကောင်းဆက်ကိုပေါ့သေးသေးတော့တွက်လို့မရဘူး"
တွယ်တာအောက်ထပ်မှာကြီးရွှေဖျော်ပေးတဲ့လိမ္မော်ရည်တွေကိုတစ်ခါတည်းဖန်ကရားနဲ့သယ်လာရင်း ကိုကြီးတို့ပြောနေကြတာကိုတံခါးလေးခပ်ဟဟအနေအထားကနေခိုးနားထောင်နေခဲ့တာဖြစ်သည်။
တွယ်တာသိရင်စိတ်မကောင်းဖြစ်မယ်ဆိုတဲ့အချိန်ကတည်းကအခန်းရှေ့ရောက်နေတာမို့အဓိကအကြောင်းအရင်းကိုတွယ်တာသေချာမှီလိုက်သည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...