The Challenge of Love
Part (21)🎵အဖြူကတစ်မျိုး အနီကတစ်မျိုး🎵
🎵ရေစိုပျိုမေတွေအလှကတိုး ဒီမဏ္ဍပ်ကအလှဆုံး🎵
🎵ဘယ်လိုများရွေးရမှာတုန်း🎵
🎵 "အပြာရောင်လေး....အဝါရောင်လေး....
ဟိုဒီ အပြိုင်အဆိုင် ဒီလို အလှတော့ငေး
ဒီမဏ္ဍပ်ကအလှဆုံး.....ဘယ်သူလဲပြောကြပါဦး"🎵အင်းယားကန်ဘက်က ဦးညီထွဋ်ရဲ့မဏ္ဍပ်ရှေ့မှာကားနေရာရအောင် နေ့လည်စာစတုဒီသာဝင်စားပြီးကတည်းကလာနေရာယူထားတာဖြစ်သည်။
အခုတော့မဏ္ဍပ်ပေါ်က ကိုရန်ကြီးတို့Idolကြီး ဦးညီထွဋ်ရဲ့ဖျော်ဖြေမှုနဲ့အတူ ဖြူနီပြာဝါ သင်္ကြန်သီချင်းကို ကားပေါ်ကနေ မူးမူးရူးရူးနဲ့ကိုကြီးတို့အော်ပြီးလိုက်ဆိုနေကြသည်။
သီချင်းကစီးချက်ညီညီနဲ့ကကောင်းတော့ တွယ်တာ၊ ပန်းနုနှင့်လဝန်းတို့ကဟိုဘက်ယိမ်းလိုက်ဒီဘက်ယိမ်းလိုက်နှင့်လိုက်ကကြသည်။
တွယ်တာကကိုရန်ကြီးရဲ့စကားကိုနားထောင်ပြီးသူ့ဂျာကင်ကြီးကိုမချွတ်ဘဲဝတ်ထားတဲ့အခါ ကိုရန်ကြီးကတော့ရေတွေထဲမှာစွပ်ကျယ်တစ်ထည်တည်းနှင့်ချမ်းနေမလားတော့မသိပါ။
ရန်ကြီးအောင်ကတွယ်တာ့နောက်မှာရှိနေပေမဲ့ လွတ်လွတ်လပ်လပ်ကလို့ရအောင်တွယ်တာ့ကိုလွှတ်ပေးထားပြီး သူကနောက်ကခိုင်မြဲတို့ထူးမြတ်လင်းတို့နဲ့ အတူသီချင်းတွေလိုက်ဆိုနေသည်။
သူတို့၃ယောက်လုံးကဒီမဏ္ဍပ်မှာအပြတ်ကဲမယ်လုပ်ထားကြတော့ တကယ်လည်းရှယ်ကဲနေကြသည်။
ဒါပေမဲ့ မမှောင်ခင်ခပ်စောစောကတည်းကတွယ်တာတို့ကားကအရင်ပြန်လှည့်ခဲ့ဖြစ်ကြ၏။ တွယ်တာတို့ဒီညမန္တလေးတက်မှာဖြစ်လို့ညနေပိုင်းကိုခဏပဲနေပြီးအိမ်သို့ပြန်လာကြဖို့သဘောတူထားကြသည်။
"ကိုရန်ကြီး ချမ်းနေလား"
အပြန်ရောက်တော့လမ်းကရေစိုလိုက်ခြောက်လိုက်ဖြစ်တော့ လေတိုက်တာနဲ့တွယ်တာ့လိုဂျာကင်ကြီးနဲ့လူတောင်အေးနေသဖြင့် စွပ်ကျယ်နဲ့ကိုရန်ကြီးအားချမ်းနေမလားစိတ်ပူစွာဖြင့်တွယ်တာကနောက်ကကိုရန်ကြီးအားလှည့်မေးလိုက်သည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...