The Challenge of Love
Part (39)"ကိုကြီး သဘက်ခါ ကိုငထူး မွေးနေ့ဆို "
တွယ်တာသည်ခိုင်မြဲ ရုံးကပြန်လာတော့ ခိုင်မြဲအခန်းထဲသို့အတူလိုက်လာပြီးပြောသည်။
"အေးဟုတ်တယ်လေ "
ခိုင်မြဲက အခန်းထဲရောက်တော့ သူ့အိတ်ကိုဗီရိုဘေးကတိုင်မှာချိတ်ပြီး စတစ်ကိုချွတ်ကာ စွပ်ကျယ်အင်္ကျီနဲ့အိပ်ယာပေါ်သို့လှဲရင်းဖြေလိုက်သည်။
"သမီးရောလိုက်မှာနော် သမီးနဲ့အတူသွားမလား သမီးကားနဲ့သမီးသွားရမှာလား "
"နင့်ကိုဖိတ်လို့လား "
"ဖိတ်တာပေါ့ ညက Messenger ကနေ ဖိတ်တာ "
တွယ်တာက ခိုင်မြဲလှဲနေတဲ့အိပ်ယာပေါ်သို့တင်ပါးလွှဲထိုင်ပြီးပြောလာသည်။
"နင်ငါတို့ဘာလုပ်လုပ်ကိုပါချင်နေတာပဲ "
"ကိုငထူးနဲ့က ကိုကြီးနဲ့မှသူငယ်ချင်းဖြစ်တာမဟုတ်ဘူး သမီးနဲ့လည်းအစ်ကိုလိုခင်ကြတာပဲကို သူBirthday လုပ်တိုင်း ဖိတ်နေကျပဲ "
"အေးဖိတ်လည်း နင်ဘယ်တုန်းက လာဖူးလို့လဲ"
"အဲ့တုန်းက ငယ်သေးတာကို ကိုကြီးတို့က Party ပေးကြတာ အခုက Party တက်လို့ရတဲ့အရွယ်ရောက်ပြီလေ "
"နင်ပါရင်အလုပ်ရှုပ်လို့မခေါ်ချင်ဘူး "
ခိုင်မြဲသည် သူမခေါ်ချင်ကြောင်း တွယ်တာ့အားပွင့်ပွင့်လင်းလင်းပြောလာတော့ တွယ်တာက အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။
"ကိုကြီးကိုဘာလုပ်မှာမို့လို့လဲ သမီးဟာသမီးနေမှာပါနော် ကိုငထူးက လဝန်းတို့ပန်းနုတို့တောင်ခေါ်ထားသေးတယ် "
"ပြီးရောဟာ အဲ့ဆိုလည်းလိုက်ခဲ့ပေါ့ ခုသွားတော့ ငါညောင်းလို့ခဏအိပ်ဦးမယ် "
"အဲ့တာဆို သဘက်ခါကျ ကိုကြီးနဲ့လိုက်မှာနော် "
"အေးလို့ သွားတော့ နားငြီးလို့ "
တွယ်တာလည်း ခိုင်မြဲဆီက Party ကိုခေါ်သွားမယ်ဆိုတဲ့အတည်ပြုချက်ကိုရပြီးတာနဲ့ အခန်းထဲကနေ လှစ်ခနဲထွက်ပြေးသွားသည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...