Part (50) Uni/Zawgyi

15.8K 548 20
                                    

The challenge of Love
Part (50)

ဒီနေ့ အရင်တစ်ခါကကတိပေးထားတဲ့အတိုင်း ဆုယွန်းနဲ့ရုပ်ရှင်လိုက်ကြည့်ဖြစ်သည်။

ရုံးပိတ်ရက်မို့ခိုင်မြဲကပဲ ဆုယွန်းကိုအိမ်အထိသွားခေါ်ခဲ့တာဖြစ်သည်။ ရုပ်ရှင်ရုံရောက်တော့၂ယောက်စလုံးက ရုပ်ရှင်ကလည်းမရွေးရသေးလက်မှတ်ကလည်းမဖြတ်ရသေးမို့ ဘယ်ကားကြည့်လို့ကြည့်ရမှန်းမသိ Poster တွေရှေ့ရပ်နေကြည့်နေကြသည်။

သရဲကားတစ်ကား၊ အချစ်ကားတစ်ကား၊နဲ့ Thor: Love and Thunder ကားရယ် ဖြစ်သည်။

ဆုယွန်းကသူမရွေးတတ်တော့တာနဲ့ ခိုင်မြဲကိုပဲရွေးခိုင်းတော့ခိုင်မြဲကတော့ MCU Fan ပီပီ Thor:  Love and Thundar ကိုပဲတက်တက်ကြွကြွနဲ့လက်မှတ်သွားဖြတ်လေသည်။

ခိုင်မြဲတကယ်ကြည့်ချင်နေတာလဲ Thor ၏ No.4 ထွက်တဲ့ဤရုပ်ရှင်သာဖြစ်သည်။ Avengers End Game အထိတော့ ရန်ကြီးနဲ့ငထူးအပါဝင်၃ယောက်အတူတူ ရုပ်ရှင်ရုံထိထွက်သမျှ Superhero ရုပ်ရှင်တိုင်းလာကြည့်လေ့ရှိပေမဲ့ End Game အပြီးမှာတော့ ရုပ်ရှင်ရုံမရောက်ခဲ့တာကြာပြီဖြစ်သည်။

ဒီနေ့မှာ ကြုံတုန်းကြုံခိုက်အချစ်ဦးနဲ့ရုပ်ရှင်ရုံရောက်လာပေမဲ့ တစ်သက်လုံးကြိုက်လာတဲ့Superhero Movie နဲ့ယှဥ်တဲ့အခါတော့ သူကြိုက်တာပဲရွေးပြီးကြည့်လေသည်။

ဒီနေ့ ဆုယွန်းနဲ့Movie Date မယ့်အကြောင်းဟို၂ကောင်ကိုပြောတော့ အချစ်ခန်းကြမ်းကြမ်းလေးတွေပါတဲ့ကားရွေးကြည်လို့မှာလိုက်တာဖြစ်သည်။

ခိုင်မြဲကတော့သူငယ်ချင်း၂ယောက်စကားကိုဆန့်ကျင်ပြီးသူကြည့်ချင်တာရွေးကာ ပေါက်ပေါက်တစ်ဘူးနှင့်ကိုလာတစ်ယောက်တစ်ဘူးဝယ်ပြီး ရုံထဲသို့အတူတူဝင်လာပါတော့သည်။

"ဆုယွန်း Thor ကြည့်ဖူးတယ်မလား "

"ဟင်...Thor? ...အင်းကြည့်ဖူးမယ်ထင်တယ် "

"တူမင်းသားလို့ငယ်ငယ်ကခေါ်တာလေ Avengers တော့သိတယ်မလား "

ရုပ်ရှင်မစခင်မှာ ခိုင်မြဲတစ်ယောက် ကြည့်မယ့်ရုပ်ရှင်အကြောင်းကို Intro ဝင်နေသည်။

"အင်းကြားဖူးပါတယ် ဟင်း ဟင်း"

"ဟော...စပြီ... ကြည့်ကြစို့ "

The Challenge of Love (OC)Where stories live. Discover now