Part (69) Uni/Zawgyi

13.7K 544 12
                                    

The Challenge of Love
Part (69)

"တွယ်တာဘယ်မှာလဲ "

"သင်တန်းမှာလေ ဘာလို့လဲ "

တွယ်တာ အကသင်တန်းမှာဖုန်းလာလို့ခဏအပြင်ထွက်လာပြီးဖုန်းကိုင်တာဖြစ်သည်။

"ဒီအချိန်ကြီး အကသင်တန်းချိန်ပြောင်းထားတာလား ကိုကို့ကိုလည်းမပြောဘူး"

"မဟုတ်ဘူး တွယ်တာ စာမေးပွဲနီးလို့ အကကနားထားတယ်လေ ဒီနေ့ကသင်တန်းဖွင့်တာ၃နှစ်ပြည့် Anniversary တဲ့ တွယ်တာ့ကိုလည်းနေ့လည်ကမှဖုန်းဆက်ပြီးဖိတ်လို့ ကိုကို့ကိုမပြောလိုက်ရဘဲရောက်နေတာ "

"အဲ့တာဆိုလည်းအိမ်ရောက်ရင်ဖုန်းဆက်ဦး "

"ဟုတ် ဟုတ် ပွဲကပြီးပါပြီ ဆရာနဲ့စကားပြောနေလို့ ​ပြန်တော့မှာ "

"အင်း...ဒါပဲအဲ့တာဆို "

ကိုကိုသည် သူစိမ်းယောက်ျားလေးတစ်​ယောက်နဲ့စကားပြောနေလို့အိမ်မပြန်ရသေးတာပါဆိုတာတောင် ခုချက်ချင်းပြန်ဟုတစ်ချက်မပြောဘဲအိမ်ရောက်ရင်ဖုန်းဆက်ဆိုကာဖုန်းချသွားသည်။

ဒီကိုကိုတော့....နည်းနည်းလေးတောင်စိတ်မချမဖြစ်ဘူးလားမသိဘူး ဒီကတော့သဝန်တိုမလားလို့ပြောလိုက်တာကို။

တွယ်တာသင်တန်းခမ်းမထဲသို့ပြန်ဝင်လာတော့တကယ်လည်းတွယ်တာနဲ့ဆရာနဲ့၂ယောက်ပဲရှိတော့တာဖြစ်သည်။

ဆရာကတွယ်တာတို့စားသောက်ထားကြတာတွေကိုတစ်ယောက်တည်းသိမ်းနေတော့ တွယ်တာဒီတိုင်းထွက်သွားလို့မကောင်းတာနဲ့ ကူသိမ်းပေးဖို့စားပွဲပေါ်ကအအေးခွက်တွေကိုသိမ်းတဲ့အခါ ဆရာကတွယ်တာ့လက်ထဲကခွက်တွေကိုလှမ်းယူသည်။

"ဟာ...ပေးပေး....မလုပ်ပါနဲ့ဗျာ ကျွန်တော့်ဟာကျွန်တော်သိမ်းပါ့မယ်"

"အို...ဘယ်ဟုတ်မလဲဆရာရဲ့ ဒီမှာတွယ်တာရှိနေတာကို ကူပါ့မယ်"

"မလုပ်ပါနဲ့ဗျာ ကျွန်တော်သန့်ရှင်းရေးလုပ်မယ့်လူငှားထားပါတယ် မျက်စိထဲနည်းနည်းရှုပ်နေတော့အားနေလို့လုပ်နေတာပါ တွယ်တာကူလုပ်စရာမလိုပါဘူး"

"အဲ့တာဆိုလည်းပြီးတာပဲ "

"နည်းနည်းတောင်မှောင်တော့မယ် ကျောင်းကတန်းလာတာဆိုတော့ပင်ပန်းနေမှာပဲ"

The Challenge of Love (OC)Where stories live. Discover now