Part (59) Uni/Zawgyi

19K 628 31
                                    

The Challenge of Love
Part (59)

ရန်ကြီး တစ်မနက်လုံး တွယ်တာ့ဆီကဖုန်းကိုစောင့်နေပေမဲ့ အခုတထိဖုန်းဆက်မလာသေးပါ။

အချိန်အားဖြင့်သူမကျောင်းသွားမယ့်အချိန်တောင်ရောက်နေပြီဖြစ်သည်။ ရန်ကြီးထပ်မစောင့်တော့ဘဲဖုန်းထပ်ခေါ်လိုက်သည်။

ဖုန်းကဝင်ပေမဲ့မကိုင်ပြန်ဘူး။ ခဏခဏခေါ်နေရင်တွယ်တာစိတ်ရှုပ်သွားမလားလည်းစိုးရိမ်မိသည်။

ကလေးမကိုဘယ်သောစိတ်ရှုပ်မှု၊ပြဿနာမျိုးမှမပေးချင်ပါ။ ဒါကိုမှသူမနဲ့ကိုယ်နဲ့ကြားမှာဘာလို့ဒီလိုကိစ္စကြီးကဖြစ်လာရသလဲ။

ကျောင်းကိုပဲလိုက်သွားလိုက်ရမလား?
အဲ့လိုမှလိုက်မသွားရင် တွယ်တာနဲ့တွေ့ရမှာမဟုတ်တော့ဘူးထင်သည်။ သူ့ကိုဘယ်လောက်တောင်များစိတ်ဆိုးနေလိုက်မလဲ။ ကိုယ့်ကြောင့်ဒီကောင်မလေးဘယ်လောက်များစိတ်ထိခိုက်နေပါလိမ့်မလဲ။

ရန်ကြီးချက်ချင်းပဲ ဗီရိုထဲကတီရှပ်တစ်ထည်ကိုမြန်မြန်ဝတ်လိုက်ကာ အိမ်ရှေ့ထွက်လာသည်။

တံခါးခေါက်နေတော့ သွားမယ့်လာမယ့်အရေးဘယ်သူလာတာလဲဟုမကျေမနပ်နဲ့တံခါးဖွင့်ကြည့်လိုက်တော့ ထူးမြတ်လင်းဖြစ်၏။

စောစောစီးစီးဘာလာလုပ်တာလဲဆိုသလိုမျက်မှောင်ကုပ်ကြည့်လိုက်သည်။

ထူးမြတ်လင်းကတော့အိမ်ထဲဝင်လာပြီးဆိုဖာမှာဝင်ထိုင်သည်။

" ဟျောင့်ဘာမှမသွားနဲ့လာထိုင် ီးဖြစ်လို့ဖုန်းမကိုင်တာလား "

" မင်းအရေးကြီးပြောစရာရှိလားငထူး မရှိရင်ငါအခုတွယ်တာ့ဆီသွားမှဖြစ်မယ်"

ထူးမြတ်လင်းကရန်ကြီးရဲ့အလျင်လိုနေပုံကိုသိပေမဲ့သွားခွင့်မပေး။

" ဘယ်ကိုသွားမှာလဲ တွယ်တာ့ကိုအိမ်ကလိုက်ပို့တော့တာမင်းမသိဘူးလား "

"ဟမ်?...ဘာလို့လဲ"

ရန်ကြီးက ထူးမြတ်လင်းပြောတဲ့သူမသိသေးတဲ့အကြောင်းအရာကြောင့်ပိုလို့စိတ်ညစ်သွားရသည်။

ထူးမြတ်လင်းကလည်းဒီကိစ္စကိုမသိတဲ့ရန်ကြီးအားအံ့သြစွာကြည့်နေသည်။

The Challenge of Love (OC)Where stories live. Discover now