The Challenge of Love
Part (19)
သင်္ကြန်ကျဖို့၂ရက်ပဲလိုတော့သည့်အလျောက် တွယ်တာလည်းပထမဆုံး ရေပက်ခံထွက်လည်ရမည်မို့ရင်ခုန်နေရသည်။ ပြီးတော့သဘောကျနေတဲ့အစ်ကိုကြီးနဲ့တစ်ကားတည်းအတူလည်ရမှာလေ။
အချိန်အားဖြင့် ည၉နာရီအချိန်ဖြစ်ကာ တွယ်တာအဖို့အိပ်ချိန်မကျသေးသဖြင့် လူငယ်ပီပီ Facebook မှာ New Feed ကို အပေါ်နဲ့အောက်ပွတ်နေသည်။
တန်ခူးလ၊ သင်္ကြန်နဲ့ပိတောက်ဆိုတာခွဲလို့မရသလို...တွယ်တာလည်း New Feed မှာ ပိတောက်ပန်းပုံတွေမြင်တာနဲ့ သဘောကျစွာShareလိုက်သည်။
အိမ်နားမှာလည်းပိတောက်ပင်ကမရှိ၊ အပြင်သွားတဲ့အခါကျလည်းပိတောက်ပန်းတွေမြင်ရင်တောင်ခူးဖို့သတိကမရတာနဲ့ ဒီနှစ်သင်္ကြန် ပိတောက်ပန်းကိုထိကိုမထိကြည့်ရသေးဘူး။
*
*
*မနက်ဖြန်ဆိုရင် သင်္ကြန်အကြိုနေ့ကျပြီမို့ ဒီနေ့နောက်ဆုံးအနေနဲ့ သင်္ကြန်လည်ဖို့ကိစ္စအားတိုင်ပင်ရန် ခိုင်မြဲကအားလုံးကိုအိမ်ခေါ်ထားသည်။
ရန်ကြီးအောင်လည်း April တစ်လလုံး ပွဲလည်းမရှိ၊ သူလည်းနားထားတာမို့ ကျန်းမာရေးနဲ့Muscle များကျမသွားစေဖို့Gymကစားတာကလွဲရင်အခြားအလုပ်မရှိဘဲအားနေရသည်။
ထို့ကြောင့်ဒီနေ့ခေါ်ထားတဲ့ခိုင်မြဲဆီသို့သွားဖို့သာစိတ်အားထက်သန်စွာနာရီဝက်လောက် စောပြီး ကွန်ဒိုမှဆင်းလာခဲ့သည်။
Addidas တံဆိပ်နဲ့ချိုင်းပြတ်အင်္ကျီအနက်ရောင်အား ဘောင်းဘီရှော့ပန်ခဲရောင်နဲ့ဝတ်ထားလျှက် ကားသော့ကိုကိုင်ပြီး အဆောက်အဦးမှထွက်လာ၍ ကားပါကင်ထဲမသွားခင် အဆောက်အဦးရှေ့က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းများဝါထိန်နေအောင်ပွင့်နေတာကိုတွေ့ရသည်။
ရန်ကြီးလည်း သစ်ပင်အောက်မှာ ကလေးတွေက ဝါးလုံးကြီးတရမ်းရမ်းနဲ့ပိတောက်ပန်းတွေခူးနေတာကိုကြည့်ရင်း မနေ့ညက ပိတောက်ပန်းပုံတွေကို Facebook မှာ Share ထားတာကိုသတိရသွားသည်။
"လှလိုက်တာ ဒီနှစ်ပိတောက်ပန်းတွေတဲ့ဝေးနေတာ ပန်ချင်လိုက်တာ"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...