The Challenge of Love
Part (54)တွယ်တာ ညက ကိုကို့ပိုပြောသင့်လားမပြောသင့်လား ကိုကိုစိတ်ရှုပ်သွားမလားဆိုပြီးစဥ်းစားရင်းဖုန်းဆက်ဖို့ပင် မပြတ်မသားဖြစ်နေရသည်။
တွယ်တာ့အိမ်ကသဘောမတူတဲ့ကိစ္စမို့တွယ်တာ့မှာပဲတာဝန်ရှိတယ်ဟုယူဆသည်။ ထို့ကြောင့်ပါပါးနဲ့မာမားလက်ခံအောင်တွယ်တာပဲကြိုးစားပြောဆိုမည်။
ကိုကို့မှာဘာအပြစ်မှမရှိ၊ ကိုကိုဟာတွယ်တာ့ခင်ပွန်းဖြစ်ဖို့၊ဒီအိမ်ရဲ့သမက်ဖြစ်ဖို့ပြည့်စုံသောအရည်အချင်းရှိပြီးသားဖြစ်သည်။
ကိုကို့ကိုဒီလောက်ပစ်ပယ်ထားကြတဲ့လူတွေကိုကိုကို့မိသားစုဆိုပြီးလက်မခံနိုင်ဘူးတဲ့ ပါပါးတို့ကသက်သက်မဲ့ဆင်ခြေရှာတာပဲ။တွယ်တာ့ကိုဘာလို့များကိုကိုနဲ့သဘောမတူရတာလဲ။
တွယ်တာ အိပ်ယာပေါ်မှာခွေပြီးလျှောက်တွေးနေရင်းဘေးနားမှာချထားတဲ့ဖုန်းကတုန်ခါလာတော့ ကိုကို့ဆီကပဲဖြစ်လိမ့်မည်ဟုတွက်ပြီးသား။
"ဟယ်လို"
"တွယ်တာ...အခုဘာလုပ်နေတာလဲ"
တွယ်တာငိုသံမပါအောင်ထိန်းပြောနေပေမဲ့ ကိုကိုမေးတဲ့ပုံစံကတစ်ခုခုသိပြီးလောက်ပြီထင်တယ်။
"ဘာလုပ်နေတာလဲ ငိုနေလား ကိုကိုသိပြီးပြီ"
ကိုကိုကသူသိပြီးကြောင်းဝန်ခံလိုက်ကတည်းက တွယ်တာမထိန်းနိုင်တော့ဘဲဖုန်းကိုင်ထားလျှက်ပင်တအင့်အင့်ရှိုက်ငိုမိပါတော့သည်။
ကိုကိုသိတယ်ဆိုတော့ ကိုကြီးပြောပြလိုက်တာပဲနေမယ်။
ကိုကိုက တွယ်တာငိုနေတာကိုဘာမှမပြောဘဲနားထောင်နေသည်။ တွယ်တာခဏငြိမ်သွားတော့မှ ကိုကို့ဘက်ကသက်ပြင်းချသံကိုကြားရသည်။
"ငိုလို့အားရရင်ကိုကိုပြောတာနားထောင်...ဒါက သည်းလေးငိုရမယ့်ကိစ္စမဟုတ်ဘူး အန်ကယ်နဲ့အန်တီတို့လက်မခံတာအပြစ်မဟုတ်ဘူး ဒီလိုဘာကောင်းတာမှမရှိဘယ်သူမှမပက်သက်ချင်တဲ့မိသားစုကနေမွေးလာတဲ့ကိုကို့အပြစ် "
"ဟင့်အင်း...အဲ့လိုမပြောပါနဲ့ ကိုကိုနဲ့ဘာဆိုင်လို့လဲ "
"ကိုကို မင်းပါပါးနဲ့မာမားလက်ခံမယ့်အချိန်ကိုစောင့်ပါမယ် ကိုကိုတို့လည်းအခုလက်ထပ်ကြမှာမှမဟုတ်တာ မင်းလက်ထပ်သင့်တဲ့အချိန်တစ်ခုရောက်မှကိုကိုတို့ယူကြမှာလေ ဒီကြားထဲမှာအပြောင်းအလဲတွေအများကြီးဖြစ်သွားနိုင်တယ် ကိုကိုပြောတာနားလည်လား"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...