The Challenge of Love
Part (44)မနက်စာကိုတွယ်တာမနိုးခင် ရန်ကြီးကစောစောထပြီးသူမကြိုက်တဲ့ရှမ်းခေါက်ဆွဲသွားဝယ်ထားသည်။
ရန်ကြီးပြန်ရောက်တော့ သူမက တီရှပ်နဲ့ပင်တီလေးပဲဝတ်ထားပြီး ရေချိုးခန်းထဲမှာ သွားတိုက်နေတာဖြစ်သည်။
ဆံပင်ရှည်ကြီးကိုဖြစ်သလိုခေါင်းပေါ်တင်ထုံးထားပြီး ဘေစင်ရှေ့မှာခါးထောက်ကာသွားတိုက်နေတဲ့သူမကရန်ကြီးဝင်လာတာမြင်တော့ သွားတိုက်ဆေးအမြှုပ်တွေကိုထွေးချပြီးပြုံးပြ၏။
"သွားတိုက်တံကဘယ်ကရတာလဲ "
အိမ်မှာသွားတိုက်တံအသစ်မရှိတာမို့ရန်ကြီးက ရေချိုးခန်းဘက်သို့လျှောက်လာရင်းမေးလိုက်သည်။
"ကိုကို့ဟာလေ "
တွယ်တာကလက်ထဲကသွားတိုက်တံကိုထောင်ပြပြီးပြောလာတော့ ရန်ကြီးလည်းသူမပြတဲ့ သူ၏သွားတိုက်တံမှန်နေတော့မျက်ခုံးလေးပင့်တက်သွားသည်။
တွယ်တာကသွားတိုက်တံကိုဆေးပြီးခွက်ထဲပြန်ထည့်၍ပလုပ်ကျင်းလိုက်သည်။
ရန်ကြီးက တွယ်တာ့နောက်မှာဝင်ရပ်၍အရပ်ကွာသောသူတို့၂ယောက်ရဲ့ပုံကိုမှန်ထဲကနေကြည့်နေသည်။
"တွယ်တာယူတိုက်တာမကြိုက်လို့လား"
တွယ်တာက ဘေစင်ကိုလက်ဖြင့်ထောက်ပြီးမှန်ထဲကနေကြည့်ကာမေးလိုက်ပါသည်။
"မဟုတ်ပါဘူး ကိုကို့အိမ်မှာမင်းကြိုက်တာလုပ်ခွင့်ရှိတယ် ကိုကို့ပစ္စည်းကမင်းပစ္စည်းပဲ "
"သွားတိုက်တံတစ်ချောင်းတည်းတူတူတိုက်ရတော့လေ အခုတွယ်တာတို့ကလင်မယားတွေလိုခံစားရတယ် ဟိဟိ "
အခုမှသွားတိုက်ထားတဲ့သွားတန်းဖွေးဖွေးလေးတွေပေါ်အောင်ရယ်ပြနေတော့ ရန်ကြီးက တွယ်တာ့ခါးကလေးကိုနောက်ကနေကုန်းပြီးဖက်လိုက်ပါသည်။
သူမပုခုံးပေါ်သို့မေးတင်ပြီး မျက်နှာသစ်ထားတော့မိတ်ကပ်မရှိတဲ့ပါးပြင်နုနုလေးကိုနမ်းလိုက်သည်။
"ကိုကိုကအဲ့ဒီလိုတွေးမိတာ နိုးကတည်းက... မင်းကိုကို့လက်မောင်းပေါ်မှာအိပ်မောကျနေတာကြည့်ပြီး ကိုယ့်မိန်းမလို့အရင်တွေးမိတာ"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...