Part (43) Uni/Zawgyi

21.2K 500 27
                                    

The Challenge of Love
Part (43)

"ထလို့ရပြီလား...လာ...ထ...ရေချိုးရအောင် "

ရန်ကြီးသည် သူ့ရင်ခွင်ထဲမှာငြိမ်သက်နေတဲ့ချစ်သူကလေးအားရေချိုးဖို့အတွက်ခေါ်သည်။

"ဟင့်အင်း...မထချင်တော့ဘူးကိုကို...တွယ်တာပင်ပန်းတယ် ကိုကို့ရင်ခွင်ထဲမှာဒီတိုင်းပဲနေချင်တော့တယ် "

ရန်ကြီးက ဖုန်းထဲကနာရီကိုကြည့်ပြီး တွယ်တာ့မျက်နှာလေးကိုဖွဖွလေးကိုင်တွယ်ပွတ်သပ်ရင်းပြောလာသည်။

"ညနေစောင်း​နေပြီ သည်းလေးရဲ့ မင်းမာမားဆူနေလိမ့်မယ် ကိုကိုလိုက်ပို့မယ်"

"တွယ်တာ့ဖုန်းပေး "

တွယ်တာက စောင်နဲ့လုံးထွေးနေရင်းသူမဖုန်းကိုတောင်းသည်။ ရန်ကြီးကဖုန်းကိုခေါင်းရင်းကနေယူပေးလိုက်တော့တွယ်တာက ရန်ကြီးရင်ခွင်ထဲကနေဘေးထွက်ကာခေါင်းအုံးပေါ်မှာအိပ်ပြီးသူမမာမားဆီသို့ဖုန်းဆက်သည်။

"ဟယ်လို...မာမားလား"

"........"

"ဟို..တွယ်တာ ဒီနေ့အိမ်ပြန်မလာတော့ဘူး"

တစ်ဖက်က ဒေါ်ဝေဝေမြင့်ကတော့ဘာပြောသလဲမသိပေမဲ့ ဘေးမှာအတူရှိနေတဲ့ရန်ကြီးကတော့ မျက်လုံးတွေပါပြူးကုန်ရသည်။

ဒီကောင်မလေးကအခုအိမ်ပြန်မအိပ်ဘဲ သူနဲ့အိပ်ဖို့သူမအမေကိုဖုန်းဆက်နေတာလား?
သူ့အိပ်ယာထဲကနေလေ?

"လဝန်းတို့အိမ်မှာ သူ့အဖေနဲ့အမေမရှိလို့ အဲ့တာတွယ်တာနဲ့ပန်းနုကိုဒီမှာအိပ်ဖို့ပြောနေလို့ သနားပါတယ် လဝန်းတစ်ယောက်တည်းရယ်အိပ်ပေးလိုက်မယ်"

"..........."

"မာမားကလည်း တွယ်တာကအဲ့ဒီလိုလုပ်မယ့်သူလား တကယ်လဝန်းကအဖော်မရှိလို့ပါ "

"........."

"ဒီတစ်ညတည်းပါ မနက်ကျပြန်လာမှာပဲကို မာမားကလည်း သူများအိမ်လည်းမဟုတ်ဘူးလဝန်းအိမ်ကို "

"........."

"မနက်ကျပြန်ခဲ့မယ်နော် ဒီညတော့မပြန်ခဲ့တော့ဘူး ပါပါးကိုလည်းမာမားပဲပြောပေး ဒါပဲနော်တွယ်တာတို့အခု ဟော့ပေါ့လုပ်စားကြမလို့"

The Challenge of Love (OC)Where stories live. Discover now