The Challenge of Love
Part (68)"မာမားတို့ကလည်း ဘာလို့အဲ့လောက်ထိ လိုက်ချုပ်ချယ်နေတာလဲ "
"ငါတို့အစကတည်းကပြောပြီးသားလေ ရန်ကြီးအောင်နဲ့ဆိုသဘောမတူပါဘူးလို့"
"သမီးက ကိုရန်ကြီးကလွဲပြီးမချစ်ဘူး မယူဘူး...ပါပါး! "
မာမားကိုတစ်လှည့် ပါပါးကိုတစ်လှည့် တွယ်တာ ခပ်စွာစွာပဲပြောနေမိသည်။
"နေဦး သမီး....ပါပါးတို့ပြောထားတာသမီးနားမလည်လို့လား"
"အဲ့တာကအရေးမှမပါတာ ပါပါးကလည်း ကိုရန်ကြီးကသူကိုယ်တိုင်တောင်မိသားစုလို့ခံယူထားတာမဟုတ်ဘူး"
" တွယ်တာကမသိသေးတာလား "
မာမားတို့နဲ့တစ်ချိန်လုံးစကားများနေတာကို ကိုကြီးကတစ်ခွန်းမှဝင်မပြောဘဲကြည့်နေလျှက်ကနေတွယ်တာ့အားအစမရှိအဆုံးမရှိသောမေးခွန်းကိုမေးလာတော့ တွယ်တာအပါအဝင်၃ယောက်စလုံးငြိမ်ပြီးနားထောင်ကြသည်။
" တစ်နေကုန်ဘာတွေလုပ်နေတာလဲ လိုင်းမသုံးရသေးဘူးလား"
"တစ်နေ့လည်လုံး မာမားနဲ့ရန်ဖြစ်နေတာ ဘယ်ဖုန်းလည်းမသုံးနိုင်ဘူး ကိုကိုနဲ့လည်းဖုန်းမပြောရသေးဘူး"
" မနက်ကပဲ သတင်းစာထဲမှာကြေညာလိုက်ပြီ ရန်ကြီးအောင်ကို ဦးသီဟနိုင်နဲ့ဒေါ်ဇင်မာခိုင်ကအမွေပြတ်စွန့်လွှတ်လိုက်ပြီ ဒီနေ့ကစပြီးရန်ကြီးအောင်နဲ့လုံးဝမပတ်သတ်တော့ကြောင်း! "
"ဟင်....တကယ်လား....!"
တွယ်တာသည် ခိုင်မြဲပြောတော့မှဒီကိစ္စကိုသိခဲ့ရတာဖြစ်သည်။ ဒီကြားထဲကိုကိုဟာ တွယ်တာ့အားအေမီနိုင့်အကြောင်းရော၊သူ့အိမ်အကြောင်းပါလုံးဝမပြော၊ တွယ်တာမေးရင်တောင်ကျက်သရေမရှိဘူးဆိုပြီးသိပ်မဖြေချင်။
" ဖုန်းထဲဖွင့်ကြည့်လေ အိမ်ကသတင်းစာမယူတော့သိမှာမဟုတ်ဘူး"
တွယ်တာကချက်ချင်းအပေါ်ထပ်သို့ပြေးတက်သွားပြီးသူမဖုန်းကိုသွားယူသည်။
"ဟင်....တကယ်ကြီး တကယ်ကြီး! "
တွယ်တာက Facebook New Feed မှာတက်လာသော အားကစားသမား Celebrity တစ်ယောက်ဖြစ်တဲ့ ရန်ကြီးအောင်အမွေပြတ်စွန့်လွှတ်ခံရတဲ့သတင်းအားမြင်မြင်ချင်း မာမားနဲ့ပါးပါးသို့ပြသည်။
STAI LEGGENDO
The Challenge of Love (OC)
Storie d'amoreကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...