Part (56) Uni/Zawgyi

17.9K 533 65
                                    

The Challenge of Love
Part (56)

ရန်ကြီးရဲ့ပွဲက၅ရက်ပဲလိုတော့တာမို့ အပြင်းအထန်လေ့ကျင့်နေရသဖြင့် တွယ်တာနဲ့ပါမတွေ့ဖြစ်တာ ၁ပတ်တောင်ရှိပြီဖြစ်သည်။

တစ်ယောက်ကိုယ်တစ်ယောက်အရမ်းချစ်ပြီးယုံကြည်ပြီးသားမို့ ဖုန်းပြောရုံနဲ့ပဲကျေနပ်ရပေမဲ့တွယ်တာလည်းကိုကို့အလုပ်ကိစ္စပေဖြစ်သည့်အလျောက်ကောင်းကောင်းနားလည်ပေးပါသည်။

အရင်တစ်ပတ်ကတော့တစ်ပတ်တည်းတင်၃ခါလောက်တွေ့ဖြစ်နေကြသည်။ ကိုကိုကလွမ်းလို့ဟုဆိုကာ ကျောင်းအထိပါလာတွေ့တာဖြစ်သည်။

ဒါပေမဲ့အဲ့ဒီတစ်ပတ်ကညဘက်၂ရက်ဆက်တိုက်အိမ်ပြန်​နောက်ကျသွားတာမို့မာမားကတော့သိပ်မကြည်ချင်ပါ။

ပါပါးကတော့ဘန်ကောက်ကိုအလုပ်ခရီးသွားရတာ၁၀​ရက်ကြာမည်ဟုသိရသည်။

ကိုကိုနဲ့သဘောမတူဘူးပြောထားကတည်းကအိမ်နဲ့တွယ်တာကအကန်တွေချည်းဖြစ်နေတော့သည်။

တွယ်တာ၂ရက်ဆက်အိမ်ပြန်နောက်ကျတာကိုလည်းမာမားကတွယ်တာ့ကိုမြင်တိုင်းဆူချင်နေမဲ့တွယ်တာကမာမားရှေ့၃၀စက္ကန့်တောင်ပြည့်အောင်မနေတာမို့မာမားကဖမ်းလို့မမိ။

​သောကြာနေ့ကတော့ကျောင်းကသူငယ်ချင်းတွေနဲ့နောက်အပတ်ထဲလေ့လာရေးခရီးတစ်ခုထွက်ဖိုအစီအစဥ်ဆွဲကြရင်း ကာရာအိုကေရောက်သွားလို့ဖြစ်သည်။

စနေနေ့ကနောက်ကျတဲ့အကြောင်းအရင်းကတော့ကိုကိုနဲ့မှော်ဘီဘက်လိုက်သွားတာကြောင့်ဖြစ်သည်။

ဒါပေမဲ့ မာမားကတွယ်တာ့ကိုဘယ်ကတည်းကတေးထားတယ်မသိ။ ပါပါးပြန်ရောက်လာပြီးနောက်တစ်ရက်နေတော့တွယ်တာ့ကိုပါပါးကဧည့်ခန်းထဲမှာလာထိုင်ဖို့ခေါ်တော့သည်။

တွယ်တာလည်း အဆူခံရမယ်ဆိုတာသိပေမဲ့ကိုကြီးတောင်ဘယ်လောက်ဆူခံရဆူခံရ ပါပါးနဲ့မာမားရှေ့ကနေထရဲတာမဟုတ်၊တွယ်တာပဲကလန်ကဆန်လုပ်နေတာများနေပြီးဖြစ်သဖြင့် ရှောင်နေလည်းပြီးမှာမဟုတ်နောက်ရက်ထပ်ကြုံရမယ့်အတူတူနားထောင်ဖို့ဆုံးဖြတ်ပြီးကိုကြီးဘေးမှာဝင်ထိုင်လိုက်သည်။

The Challenge of Love (OC)Where stories live. Discover now