The Challenge of Love
Part (48)ကားကိုအရှိန်ပြင်းပြင်းနဲ့မောင်းနှင်နေတဲ့ကိုကို့အား တွယ်တာဘေးကနေမေးထောက်ပြီးကြည့်နေသည်။
"စိတ်ဆိုးနေသလားဟင် "
တွယ်တာဟာ မျက်လုံးဝိုင်းလေးနဲ့ကြည့်ပြီး နှုတ်ခမ်းနီတွေပြန့်နှံ့နေတဲ့နှုတ်ခမ်းကနေမပွင့်တပွင့်လေးမေးလာသည်။
"ကိုကို ဖြေပါဦး တွယ်တာတကယ်မသိတာပါဆို "
"........."
"မဖြေဘူးလား? ဘာလို့လဲ စောနက ကားပေါ်မှာမို့အားမရလို့လား"
သူ့လက်မောင်းကို အသာလေးကိုင်ပြီး ညုတုတုလာလုပ်နေတဲ့ကလေးမက တကယ်ကိုမလွယ်တာ။
ရန်ကြီးက သူ၏ကွန်ဒိုက ပါကင်မှာကားကိုရပ်လိုက်ပြီးကားပေါ်ကနေဆင်းလာတော့တွယ်တာကလည်းခပ်သွက်သွက်ပဲရန်ကြီးနောက်ကနေလိုက်လာသည်။
တွယ်တာက ရန်ကြီးနောက်ကနေပြေးလိုက်ပြီးရန်ကြီးလက်မောင်းကြီးအားမှီကိုင်ကာ အတူတူတိုက်ခန်းသို့တက်လာသည်။
"ကိုကိုလို့.... တွယ်တာ့ကိုတကယ်ကြီးစိတ်ဆိုးနေတာလား ပြန်ဖြေဦးလေ "
ဘေးကနေကပ်ချွဲရင်းအိမ်ထဲအထိပါလာတဲ့ကလေးမက တကယ်မြေခွေးမလေးဖြစ်သည်။
ရန်ကြီးကတံခါးပြန်ပိတ်လိုက်တော့ တွယ်တာက လက်ကိုလွှတ်ပေးလိုက်သည်။
"ကိုကိုလို့...တွယ်တာက အဲ့ဒီကောင်လေးကိုစကားတောင်သေချာမပြောခဲ့ပါဘူး "
ရန်ကြီးက တွယ်တာ့ကိုပြန်မဖြေသေးဘဲ TV ရှေ့က ဆိုဖာပေါ်မှာထိုင်ချလိုက်သည်။
တွယ်တာကတော့ဆိုဖာဘေးကနေလာရပ်ပြီး ဆက်ချော့နေပြန်သည်။
"ကိုကိုနော်...တွယ်တာ့ကိုတကယ်စကားမပြောတာပေါ့ အဲ့ကောင်လေးနဲ့သွားပြောစေချင်လို့လား ကားပေါ်တုန်းကျသူမဟုတ်တဲ့အတိုင်း အခုကျလူကိုဂရုမစိုက်တော့ဘူး Blind Date ကမသိဘဲပါသွားရတာပါဆိုနေ ဒီချိန်သူတို့မပြန်သေးဘူးထင်တယ် ခုပြန်သွားမယ် Taxi နဲ့! "
"တွယ်တာရတနာ!....မင်း အတော်ဖြစ်နေတာလား "
ရန်ကြီးက တွယ်တာ့ကို လက်ကနေသူ့ပေါင်ပေါ်သို့ဆွဲချပစ်လိုက်တော့ တွယ်တာက ရန်ကြီးပေါင်ပေါ်သို့မှောက်လျှက်ကျသွားရသည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...