Part (53) Uni/Zawgyi

14K 517 18
                                    

The Challenge of Love
Part (53)

တွယ်တာ University ပြန်ဖွင့်နေပြီဖြစ်တာမို့ Gym ကိုနားလိုက်ရပြီး Dance Class ကိုတော့ဆက် Join သည်။

ကျောင်းဖွင့်တော့ တွယ်တာနဲ့ကိုကိုနဲ့တွေ့ရတဲ့အချိန်နည်းသွားသည်။ ဒါပေမဲ့တွယ်တာကတော့ ကျောင်းမှာအားတဲ့အချိန်တိုင်းကိုကို့အားဖုန်းဆက်ပြီးလာတွေ့ခိုင်းလေ့ရှိသည်။

ရန်ကြီးကလည်း သူများအားနေလျှင်တွယ်တာတစ်ခွန်းဆိုတစ်ခွန်းချက်ချင်းရောက်လာတတ်၏။

တစ်ပတ်ကို၃ရက်လောက်တော့ ရန်ကြီးက တွယ်တာ့ကိုကျောင်းလိုက်ပို့သည်။ ခိုင်မြဲကလည်းသိပြီးသားဆိုတော့ ကျောင်းလိုက်ပို့တာလောက်တော့အေးဆေးလုပ်နိုင်သည်။

တွယ်တာကနေ့တိုင်းလိုက်ပို့စေချင်တယ်လုပ်နေလို့ နေ့တိုင်းသာဆိုရင်တော့မင်းမာမားကသိသွားတော့မှာပဲဟုရန်ကြီးကဖျောင်းဖျထားရသည်။

တွယ်တာဟာ ရန်ကြီးကျောင်းလိုက်ပို့မယ့်နေ့တွေဆိုမြန်မာအင်္ကျီဝမ်းဆက်ကိုချပ်ချပ်ကပ်ကပ်နဲ့ပိုလှတယ်ထင်တဲ့ဝမ်းဆက်လေးတွေရွေးချယ်ပြီးဝတ်လေ့ရှိသည်။

ဒီနေ့လည်းတွယ်တာတစ်ယောက် အနက်ရောင်အပေါ်မှာအဖြူရောင်အပွင့်ကလေးတွေရိုက်ထားတဲ့တံတောင်ဆစ်ဖုံးမြန်မာရင်ဖုံးခါးတိုလေးနှင့်ထဘီကိုကြပ်နေအောင်ဝတ်ထားပြီး ဆံပင်ရှည်ကြီးကိုအနောက်မှာမြှောက်စည်းထားလေသည်။

စာအုပ်တွေပါတဲ့အိတ်ကိုပုခုံးမှာလွယ်ပြီး ၂လက်မလောက်မြင့်တဲ့ညှပ်ဖိနပ်အမဲရောင်ကိုစီးလျှက် အိမ်ရှေ့ကနေစောင့်နေသည်။

"အိမ်က ကားကဘာဖြစ်လို့လဲ"

မာမားက တွယ်တာ့ဘေးမှာလာရပ်ပြီး ကျောင်းသွားမယ့်အရေးမသွားသေးတဲ့တွယ်တာ့ကိုမေးလာသည်။

တွယ်တာလည်းမာမားကိုလှည့်ကြည့်ပြီးပြန်ဖြေရမယ့်အဖြေကိုစဥ်းစားနေသည်။

"ဘာမှဖြစ်ပါဘူး "

"ဘာမှမဖြစ်ရင် အခုဘယ်သူ့စောင့်နေတာလဲ"

"ဟို....ဟော...ဟိုမှာ ကိုရန်ကြီးလာပြီ တာ့တာမာမား သွားတော့မယ်"

The Challenge of Love (OC)Where stories live. Discover now