The Challenge of Love
Part (35)ရန်ကြီး ရေချိုးခန်းထဲမှာ ယောက်ျားလေးသုံးမျက်နှာသစ်ဆေးကိုအသုံးပြု၍မျက်နှာသစ်လိုက်သည်။
မျက်နှာတစ်ခုလုံးဆပ်ပြာအမြှုပ်များဖြင့်အားရပါးရပွတ်လိုက်ပြီး ရေဖောဖောသီသီအသုံးပြုကာဆေးချလိုက်၏။
မျက်နှာပေါ်ကအမြှုပ်တွေပြောင်သွားပြီးနောက် မှန်ထဲ၌ပေါ်နေသော မိမိမျက်နှာကိုသေချာကြည့်သည်။
ပါးပေါ်က ဆံချည်မျှင်မျှရှိသောအမာရွတ်မှိန်မှိန်ကလေးကို မြင်တော့ အရင်ဆုံးတွယ်တာ့ကိုသတိရသည်။
နေ့လည်က Gym ကအပြန် သူ့မျက်နှာကိုပွတ်သပ်ထိတွေ့ရင်းပြောသည်။
"ကိုကိုမှတ်မိလား တွယ်တာတို့ချစ်သူမဖြစ်ခင်က ကိုကို့မျက်နှာကိုကိုင်ကြည့်ချင်တယ်ပြောတော့ကိုကိုကမကိုင်နဲ့ဆိုပြီးတွယ်တာ့ကိုငြင်းတာလေ"
"အင်းမှတ်မိတယ်"
ခန္ဓာကိုယ်သေးသေးကလေးအားပွေ့ဖက်ထားရင်း သူ့မျက်နှာကိုမော့ကြည့်ရင်းကိုင်ကြည့်နေတဲ့ကောင်မလေးကို သူမှတ်မိကြောင့်ဖြေလိုက်သည်။
"တွယ်တာ ကိုကို့ပါးပေါ်ကအဲ့ဒီအမာရွတ်ကလေးကိုကိုင်ကြည့်ချင်ခဲ့တာကြာလှပြီသိလား"
ပြီးနောက်တွယ်တာကခြေဖျားကလေးထောက်ပြီးအဲ့ဒီအမာရွတ်ကလေးကိုသူမနှုတ်ခမ်းတွေနဲ့နမ်းသည်။
အဝေးကကြည့်ရင်မမြင်ရဘဲအနီးကပ်သေချာကြည့်မှမြင်ရတာမို့ တွယ်တာဟာသူ့မျက်နှာကိုဘယ်လောက်များစူးစူးစိုက်စိုက်ကြည့်ထားခဲ့သလဲဆိုတာအတိုင်းသားသိနိုင်သည်။
တဆက်တည်း မှန်ထဲကကိုယ့်မျက်နှာကိုယ်ကြည့်ရင်းမျက်လုံးထဲမှာရုတ်တရက်ပေါ်လာတာဟာ လက်သည်းရှည်များဖြစ်သည်။
ရန်ကြီးခေါင်းရမ်းပြီးမျက်လုံးများမှိတ်လိုက်ပေမဲ့ အဲ့ဒီလက်သည်းတွေဟာပျောက်မသွား။
ပုံစံမျိုးစုံဖော်ပြီးအရောင်မျိုးစုံဆိုးတတ်သောအဲ့ဒီလက်သည်းရှည်တွေဟာ မျက်လုံးများမှိတ်သည်ဖြစ်စေ၊ဖွင့်သည်ဖြစ်စေအမျိုးမျိုးပေါ်လာနေသည်။

YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...