The Challenge of Love
Part (20)အကြိုနေ့မို့မနက်အစောကြီးကပဲ ပါပါးနဲ့မာမားတို့အဘိုးနဲ့အဘွားကိုခေါ်ပြီး ဘုရားဖူးခရီးကိုသွားကြပြီ။
အိမ်ကကြီးကြီးရွှေနဲ့Driver ဦးမောင်ကလည်းသင်္ကြန်တွင်းနားရက်ယူကာသူတို့ရွာသူတို့ပြန်ကြသည်။
အိမ်မှာကမောင်နှမ၂ယောက်တည်းကျန်ခဲ့တာမို့ပါပါးနဲ့မာမားကမှာသင့်တာမှာကြားထားခဲ့သေးတာကိုခရီးမသွားခင်နာရီဝက်လောက်နားထောင်လိုက်ရသေးသည်။
၁၀ နာရီလောက်ကို ကိုကြီးသူငယ်ချင်း ၂ယောက်နဲ့ တွယ်တာ့သူငယ်ချင်း၂ယောက်အားအိမ်ကိုခေါ်ထားတာမို့ တွယ်တာတို့မောင်နှမ၂ယောက်မနက်စာစားရင်းစောင့်နေကြသည်။
ပါပါးတို့ကမနက်၆နာရီထသွားကြတာမို့ တွယ်တာတို့တစ်ရေးပြန်အိပ်ကြသေး၏။၉ နာရီထိုးပြီးမှမောင်နှမ၂ယောက်လုံးပြန်ထပြီးရေခဲသေတ္တာထဲမှာအဆင်သင့်ဝယ်ထည့်ထားသည့်ပေါင်မုန့်ကို တွယ်တာကစတော်ဘယ်ရီယိုသုတ်စားပြီးခိုင်မြဲကထောပတ်သုတ်စားသည်။
*
*
*ရန်ကြီးအောင်တစ်ယောက် ရင်ဘက်မှာ AC/DC Sticker တီရှပ်အဖြူရောင်ကို အနက်ရောင်ဘောင်းဘီရှော့ပန်နှင့်တွဲဖက်ဝတ်ပြီး Nike တံဆိပ်ရှူးဖိနပ်ကိုစီးကာ ကွန်ဒိုကနေထွက်လာသည်။
အဆောင်အဦးအတွင်းမှအထွက်ပိတောက်ပင်ကြီးအောက်မှာအကြိုနေ့ပဲရှိသေးတယ်စောစောစီးစီး ရေပြွတ်သေနတ်တွေနဲ့ပြေးလွှားရေဆော့နေသောမနေ့ကပန်းခူးခိုင်းတဲ့ကလေးတွေကိုတွေ့ရသည်။
ရန်ကြီးအောင် မနေ့ညက သူ့ကိုဖုန်းဆက်ပြီးမှာလာသောတွယ်တာ့စကားကိုပြန်ကြားကာရေပက်နေတဲ့ကလေးတွေကိုဘယ်လိုရှောင်ရမလဲဟုအကြံအိုက်ရတော့သည်။
သူ့ဟာသူဆိုလို့ကတော့ရေပြွတ်နဲ့ပက်ပက်၊ပုံးလိုက်လောင်းလောင်းကိစ္စမရှိပေမဲ့ အခုကတော့လုံးဝရေစိုလို့မဖြစ်။
အကြောင်းအရင်းကတော့ မနေ့ညက၁၀ နာရီလောက်မှ
"ကိုရန်ကြီးမနက်ဖြန်အိမ်ကိုလာရင် ရေမစိုလာခဲ့စေနဲ့နော် တွယ်တာအရင်ဆုံးရေလောင်းချင်တယ်"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...