The Challenge of Love
Part (47)ကိုကြီးက တွယ်တာ့ကိုရော ကိုကိုနဲ့ကိုငထူးကိုပါစိတ်ဆိုးနေတာ ၅ရက်မျှပင်ရှိနေပြီ။
တွယ်တာ့ကိုလည်းစကားမပြော၊ သူ့သူငယ်ချင်း၂ယောက်နဲ့လည်းမခေါ်မပြော တကယ်ကြီးစိတ်ဆိုးတာဖြစ်သည်။
ကိုကိုနဲ့ကိုငထူးကဖုန်းခေါ်တာကိုလည်းမကိုင်ဘူးတဲ့။ တွယ်တာ့ကိုလည်းသူ့အခန်းထဲပေးမဝင်အမြဲတမ်း လော့ချထားပြီး စကားပြောခွင့်လည်းမပေး။
ဒါပေမဲ့တွယ်တာ့ကိုတော့ မာမားကိုပြန်မတိုင်။ တွယ်တာနဲ့ကိုကိုနဲ့တွေ့တာကိုလည်းမတားမြစ်။ သူ့ဟာသူတစ်ယောက်တည်းစကားမပြောဘဲစိတ်ဆိုးတာဖြစ်သည်။
ကိုကိုနဲ့ကိုငထူးကဆိုတစ်နေ့ကအိမ်အထိလာကြသေးသည်။ ဒါပေမဲ့ကိုကြီးကသူသွားစရာရှိပါတယ်ဆိုပြီးကားနဲ့ရှောင်ထွက်သွားတာမို့ ကိုကိုနဲ့ကိုငထူးခဗျာ မာမားကျွေးတဲ့သရက်သီးမှည့်တွေစားပြီးပြန်သွားရသည်။
ကိုကြီးဟာတကယ်ပဲ တွယ်တာနဲ့ကိုကို့ကိုလည်းမကန့်ကွက်ပါဘဲဘာကြောင့်စိတ်ဆိုးနေသလဲတွယ်တာတော့နားမလည်ပါ။
ကိုကိုကတော့ကိုကြီးက ကိုကိုကိုယ်တိုင်မပြောခင်သူကအရင်သိသွားလို့တဲ့လေ။
တွယ်တာသည်ကိုကို့ကို ကိုကြီးအားပြောဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ကိုကိုကနေ့ရွှေ့ညရွှေ့လုပ်နေခဲ့တာမဟုတ်လား။
ကိုကိုကတော့သူဖြေရှင်းပါ့မယ်ဟုပြောသည်။ ဒီအတိုင်းဆို ကိုကြီးဟာတွယ်တာတို့ကိုမကန့်ကွက်ဘူးဆိုတာသေချာနေတာပဲ။
ကိုကိုနဲ့ကိုငထူးကပြောတာတော့ကိုကြီးကစိတ်ဆိုးတာရှားတယ်။ ဒါပေမဲ့တစ်ခါစိတ်ဆိုးရင်လည်းမခေါ်မပြောဘဲအကြာကြီးနေတတ်သတဲ့။
သူတို့ပေါင်းလာတဲ့နှပ်ချေးတွဲလောင်းအရွယ်ကနေအခုထိကာလမှာကိုကြီးစိတ်ဆိုးတာ၁ကြိမ်ပဲရှိခဲ့ဖူးတယ်ပြောတယ်။
အဲ့တာကလည်းသူ့ကိုE Major King ဖြစ်အောင်ကိုကိုနဲ့ကိုငထူးတို့ပေါင်းဂျင်းထည့်ခဲ့တုန်းကဖြစ်သည်။ အဲ့ဒီတုန်းက၂ပတ်ကျော်လောက်သူတို့၂ယောက်ကိုစကားမပြောဘူးတဲ့။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...