The Challenge of Love
Part (45)"ဟဲ့....နင့်အစ်မကို ကိုကြီးရဲ့ဖုန်းလေးဘာလေးဆက်ခိုင်းပြီးနည်းနည်းပါးပါး စကားပြောခိုင်းပေးဦး "
တွယ်တာက ညဘက် Group chatထဲVideo Call ခေါ်ရင်း ပန်းနုအား မဆုယွန်းဆီသို့အမှာစကားပါးသည်။
"ဟဲ့ ဘာလို့လဲ ကိုတရုတ်ကြီးကကောင်မလေးအသစ်ရသွားလို့လား"
"ဟယ် ဘယ်ကလာ ငါ့အစ်ကိုက နင့်အစ်မပြန်ကြိုက်မှရည်းစားရမယ့်ကောင်ပါဟယ် "
"ခွီး...နင်ကလည်း ကိုတရုတ်ကြီးကအဲ့လောက်မဟုတ်ပါဘူး"
လဝန်းကတွယ်တာပြောတာကိုရယ်ပြီးပြန်ပြောလာသည်။
"ကိုကြီးက ကုမ္ပဏီကအလုပ်ကိစ္စနဲ့စိတ်ဓာတ်ကျနေပုံပဲ အဲ့တာကြောင့်သူသဘောကျတဲ့ကောင်မလေးအားပေးရင်သူပျော်သွားမလားလို့ပါ "
"မမတစ်ယောက်တည်းနဲ့လုံလောက်ရဲ့လား ငါရောအားပေးရဦးမလား "
တရုတ်ကြီးဆိုရင်နည်းနည်းတော့ကြူးလိုက်ရမှဆိုတာ ပန်းနုပဲဖြစ်သည်။
"အမလေး သဘောတော် ငါ့အစ်ကိုသာယူရင် ငါကနင်တို့ညီအစ်မ၂ယောက်လုံးနဲ့ပေးစားတယ်"
"ဟဲ့ နင်တို့ကလည်းနစ်နာစရာမှမရှိတာ ကိုတရုတ်ကြီးကယူမှာပေါ့"
"လဝန်းရယ် ငါ့အစ်ကိုလားယူမှာ မိန်းမ၂ယောက်ယူဖို့မပြောနဲ့ ရည်းစားတောင်ကောင်မလေးဘက်ကဖွင့်ပြောမှရမယ့်လူမျိုးဟဲ့ ကိုကြီးမှမဟုတ်ပါဘူး ကိုကိုလည်းတူတူပဲ ကိုငထူးလည်းဘယ်လိုလာမယ်မသိဘူး သူတို့၃ယောက်က ရုပ်ချောသလောက်အကဲမခပ်တတ်ကြဘူးထင်တယ်"
"ဟဲ့ ငါတော့ကိုထူးကိုအဲ့လိုမထင်ဘူးနော်သူက ကိုရန်ကြီးနဲ့ကိုတရုတ်ကြီးလို တွေဝေနေမယ့်ပုံမရဘူးချစ်ရင်ချစ်တယ်တန်းပြောမှာထင်တယ်"
လဝန်းကသူ့အစ်ကိုအကြောင်းကိုအနည်းငယ်ဝင်ပြောသည်။
"ဘာလို့လဲ လဝန်း နင်တစ်ခုခုသိထားတာလား ကိုငထူးရည်းစားရနေတာလား"
တွယ်တာကစိတ်ဝင်တစားနဲ့မေးသည်။
"ဟယ် ငါကဘယ်သိမှာလဲ ငါနဲ့ကိုထူးက နင်နဲ့လောက်တောင်စကားမပြောဖြစ်ဘူး နင်သာကိုထူးကိုအားတိုင်းကိုရန်ကြီးအကြောင်းတွေသွားသွားမေးနေတာ"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...