Part (58) Uni/Zawgyi

18.9K 563 41
                                    

The Challenge of Love
Part (58)

•••••1 Day Ago•••••

ရန်ကြီးGym ကိုရောက်လို့ သယ်လာသောအိတ်ကိုနေရာမှာထားပြီးအဝတ်စားလဲဖို့ Locker ဖွင့်နေတုန်း "ကိုရန်ကြီးဧည့်သည်ရောက်နေတယ်" ဟုလာပြောလို့ ထွက်ကြည့်လိုက်တာ အေမီနိုင်ဖြစ်နေသည်။

Gym ကလူတွေက ဆံပင်အနီရောင်နဲ့မင်းသမီးတစ်ယောက်လိုGirl Boss တစ်ယောက်လိုမိုက်နေသော အေမီနိုင့်ကိုတစ်ယောက်တစ်မျိုးလှည့်ကြည့်နေကြသည်။

ရန်ကြီးကတော့သူ့ကိုပြုံးပြနေတဲ့မျက်နှာကိုမြင်ကတည်းက ကျက်သရေတုံးပြီဟုတွေးမိတာပဲဖြစ်တော့သည်။

ရန်ကြီး သူမရှေ့မှာတည့်တည့်ရပ်လိုက်ပြီးငုံ့ကြည့်၍ခပ်ကြိတ်ကြိတ်မေးလိုက်သည်။

"ဘာလာလုပ်တာလဲ..ခင်ဗျားနဲ့တွေ့စရာအကြောင်းမရှိဘူးထင်တယ်"

"ဒက်ဒီက Dinner အတွက် လာခေါ်ခိုင်းလိုက်တယ်"

"မလိုက်ဘူး ခင်ဗျားလည်းပြန်တော့"

"ဒက်ဒီက မင်းကိုပါအောင်ခေါ်ခဲ့လို့မှာလိုက်တာ...မလိုက်ရင်တော့ ငါလည်း အင်အားသုံးခေါ်ရမယ်ထင်တယ်"

​အေမီနိုင်ကားဘေးမှာရပ်နေတဲ့သူမရဲ့ဘော်ဒီဂတ်တွေကိုရန်ကြီးလှမ်းကြည့်ပြီး ဒီGymထဲမှာ ရုတ်ရုတ်သည်းသည်းဖြစ်သွားဖို့မလိုလားပါ။

အင်အားသုံးလို့ခေါ်လည်း မိမိဟာ Boxing သမား Fighter တစ်ယောက်မို့ အေးဆေးအလဲထိုးနိုင်သည်။

ရန်ကြီးသည်အစကတည်းကLowkey နေသူမို့ သူ့သတင်းတွေလည်းမပျံ့နှံ့စေချင်တဲ့အတွက် ငြိမ်နေတာဖြစ်သည်။

"မလိုက်ဘူးလား "

အေမီနိုင်က သူ့ဘော်ဒီဂတ်နှစ်ယောက်ကိုအထဲဝင်ခဲ့ဖို့အချက်ပေးနေတာမို့ ရန်ကြီးလည်းသူတို့၂ယောက်အထဲမရောက်လာခင်သူကပဲထွက်သွားလိုက်တော့သည်။

အေမီနိုင်ကတော့ ရန်ကြီးရဲ့ကျောကိုလက်ဖဝါးနဲ့ပွတ်သပ်ထိကိုင်ရင်း ဘော်ဒီဂတ်ဖွင့်ပေးတဲ့ကားနောက်ခန်းထဲသို့ဝင်စေသည်။

"သူကဘာလို့ ကျွန်တော့်ကိုတွေ့ချင်ရတာလဲ "

"ဒက်ဒီကဘယ်တုန်းကကြိုပြောဖူးလို့လဲ မောင်လေးရဲ့"

The Challenge of Love (OC)Dove le storie prendono vita. Scoprilo ora