Part (60) Uni/Zawgyi

19.6K 665 19
                                    

The Challenge of Love
Part (60)

ဒေါက်...ဒေါက်...

"တွယ်တာ "

ခိုင်မြဲ တွယ်တာ့အခန်းတံခါးခေါက်ပြီးခေါ်လိုက်တော့ တွယ်တာကချက်ချင်းတံခါးလာဖွင့်ပေး၏။

ကြည့်ရတာစာကျက်နေပုံပဲ၊ အိပ်ယာပေါ်မှာစာအုပ်တွေဖြန့်ထားတာကိုတွေ့ရ၏။

ခိုင်မြဲလည်းစာကျက်နေတဲ့ညီမကို ကြာသမိုးကြိုးဆိုတဲ့မျက်နှာထားနဲ့ကြည့်နေတော့တွယ်တာကမျက်မှောင်ကုပ်လိုက်သည်။

"ဘာပြောမလို့လဲ သူများစာလုပ်နေတယ်"

"ဒီနေ့ ရန်ကြီးနဲ့လီယမ်ချမ်းပွဲရှိတာမသိဘူးလား"

"သိတယ် "

တွယ်တာက မျက်နှာတည်လေးနဲ့ဖြေတော့ခိုင်မြဲလည်း သူမရန်ကြီးအကြောင်းပြောတာကိုစိတ်ကြည်ပုံမပေါ်တာသိသည်။

"မေ့နေမှာစိုးလို့သတိပေးတာ ဖုန်းထဲကနေပဲLive ကနေ ကြည့်လိုက်တော့ နင့်ကိုခေါ်သွားရင်ပါပါးကဆူလိမ့်မယ်"

"ဘယ်ကမှမကြည့်ချင်ပါဘူး ကိုကြီးတို့ပဲသွားအားပေးလိုက်ကြ သမီးစာမပြီးသေးဘူး"

တွယ်တာ တံခါးပြန်ပိတ်ပြီး တံခါးကိုပဲကျောမှီကာနှုတ်ခမ်းလေးကိုတင်းတင်းစေ့ပိတ်ထားသည်။

တွယ်တာတို့အဆက်အသွယ်မရှိတာ ဒီနေ့ဆို၅ရက်ရှိပြီဖြစ်သည်။

တွယ်တာအခုကျောင်းနဲ့အိမ်ကလွဲလို့ဘယ်မှမသွားရဘဲ ဦးမောင်ကပဲအကြိုအပို့လုပ်တာဖြစ်သည်။

ပန်းနုနဲ့လဝန်းကိုလည်းကိုရန်ကြီးနဲ့ ခဏအဆက်အသွယ်မရှိကြောင်းအသိပေးထားသည်။ သူတို့ကတော့တွယ်တာ့အိမ်ကြောင့်လို့ထင်နေကြသဖြင့် သူတို့ကတော့အိမ်လာခေါ်မယ်၊ ကိုရန်ကြီးဆီလိုက်ပို့ပေးမယ်စသဖြင့်ကူညီဖို့အသင့်ဖြစ်ပါသော်လည်းတွယ်တာကိုယ်တိုင်ကဘာမှလုပ်ချင်ကိုင်ချင်စိတ်ရှိမနေတာဖြစ်သည်။

ဖုန်းလည်းမဆက်၊ ဘယ်သောSocialကမှလည်း မဆက်သွယ်ပဲတွယ်တာတကယ်ကိုငြိမ်နေခဲ့တာဖြစ်၏။

အရင်လို Facebook မှာလည်း ကိုကို့ကိုကြူးတဲ့PostတွေမShareဖြစ်၊ Insta မှာလည်း ၂ရက်တစ်ခါလောက်ပုံတင်နေတဲ့သူက Notificationတောင်ဝင်မကြည့်ဖြစ်ပါလေ။

The Challenge of Love (OC)Tahanan ng mga kuwento. Tumuklas ngayon