The Challenge of Love
Part (38)ရန်ကြီး ဖုန်းလာနေတာကိုမကိုင်ဘဲ မကြားသလိုပဲနေ၍ သဲအိတ်ကိုရန်သူအမှတ်နှင့် လက်သီးဖြင့်ထိုးရင်း အပြင်းအထန်လေ့ကျင့်နေသည်။
"ရန်ကြီး မင်းဖုန်းမကိုင်ဘူးလား"
ရန်ကြီးက သူနဲ့မလှမ်းမကမ်းကခုံပေါ်မှာတင်ထားသောဖုန်း Screen ကိုလှမ်းကြည့်ကာဘယ်သူမှန်းသိတာမို့တမင်သက်သက်မကိုင်တာပဲဖြစ်သည်။
သို့သော် ဆက်တိုက်ကြီးဖုန်းမြည်နေလျှင်ဘေးလူတွေအနှောက်အယှက်ဖြစ်တာမို့ Silent သော်လည်းကောင်း တစ်ခုခုလုပ်ဖို့ Boxing လက်အိတ်ကိုချွတ်ကာ ဖုန်းကိုကောက်ယူလိုက်သည်။
•• မင်းတို့ရုံးရှေ့မှာ အခုချက်ချင်းထွက်လာခဲ့••
ရန်ကြီးသည် မှတ်မထားသော ဖုန်းနံပါတ်ကနေ ဝင်လာသော Message တစ်စောင်ကြောင့် အတော်လေးစိတ်အနှောက်အယှက်ဖြစ်သွားရသည်။
"ဘဒိုတို့ကျွန်တော်ခဏ နားမယ် "
ပြောပြီး ဖုန်းကိုအားကစားဘောင်းဘီတိုရဲ့အိတ်ထောင်ထဲသို့ထည့်ကာ နောက်လက်တစ်ဖက်က လက်အိတ်ကိုချွတ်ပြီးအတူလေ့ကျင့်သောဝန်ထမ်းဆီသို့ပစ်ပေးခဲ့သည်။
ရန်ကြီးချွေးတွေရွှဲနေအောင်ထွက်နေတာမို့ ချိုင်းပြတ်အင်္ကျီအပြာရင့်ရောင်အားရင်ဘက်ထဲသို့လေဝင်အောင်ချွေးနဲ့ကပ်နေတဲ့အင်္ကျီစကိုလက်ဖြင့်ဆွဲထားရသည်။
အဆောက်အဦးရှေ့ထွက်လာတော့တကယ်ကြီး အဲ့ဒီမိန်းမရဲ့ကားကရှိနေသည်။ ရန်ကြီးအားကားDriver က ကားတံခါးကိုလာဖွင့်ပေးလေသည်။
ကားနောက်ခန်းထဲသို့မြန်မြန်ဝင်ထိုင်လိုက်တော့ကားထဲမှာရှိနေပြီးသားဖြစ်သော အစိမ်းရင့်ရောင်ဘောင်းဘီရှည်နှင့် အဖြူရောင် ဘလောက်စ်ကိုဝတ်ထားသော ဆံပင်နီညိုရောင်နဲ့သူမက ပြုံးပြသည်။
ရန်ကြီးထိုင်ပြီးတာနဲ့ Driver က ကားကိုမောင်းထွက်လိုက်တာမို့ ရန်ကြီးက မျက်မှောင်ကုပ်ကြည့်လိုက်သည်။
"ဘယ်သွားမှာလဲ! "
ရန်ကြီးက မေးလိုက်ပေမဲ့ သူမကတော့ ရန်ကြီးအနားသို့မျက်နှာတိုးကပ်ပြီး အသက်ကိုပြင်းပြင်းရှူရှိုက်လိုက်သည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...