The Challenge of Love
Part (70)ဒီနေ့ဟာ အေမီနိုင်အတွက် အမိန့်ကျတဲ့နေ့ဖြစ်သည်။ သူ့အမှုဟာဥပဒေနဲ့အညီသာဆိုလျှင် ဤမျှလောက်ပြစ်ဒဏ်နှစ်လျော့လျော့နဲ့ရမယ်မထင်။ ဒါပေမဲ့ အဖေကမာဖီးယား၊အမေကလည်းခေသူမဟုတ်တာမို့ ဒေါ်ဇင်မာခိုင်ကမည်သည်အထိလာဘ်ထိုးပြီးလိုက်ထားသည်မသိ။ နောက်ဆုံး ထောင်ဒဏ်နှစ် (၃၀) ဟုအတိအလင်းချမှတ်ခံလိုက်ရသည်။
အမွေပြတ်စွန့်လွှတ်သည်ဟုကြေညာသောနေ့ကတည်းက ရန်ကြီးသည် တရားရုံးသို့တောင်ခုံရုံးတင်စစ်ဆေးတာကိုသွားမကြည့်ဖြစ်တော့သည်။ လုံးဝမပတ်သတ်ဘဲနေတော့မှာမို့ ထိုမိသားစု၏ဘယ်သောပြဿနာကိုမှလှည့်မကြည့်ချင်တော့ပေ။
အမိန့်ချလိုက်ပြီဆိုတာကိုတော့ဒီပန်းတိုင်ကိုပဲစောင့်နေတာမို့လို့ နားစွင့်ထားသည်အရ မင်းထက်ပိုင်၏မိဘများမှတဆင့်သိရသည်။
မင်းထက်ပိုင်ကတော့လူငယ်ပြုပြင်ရေးစခန်းမှာပဲထိန်းသိမ်းခြင်းခံထားရသည်။
တကယ်ဆိုဒီမိန်းမလုပ်ခဲ့တဲ့ပြစ်မှုဟာကလေးတစ်ယောက်ရဲ့အနာဂတ်ကိုအများကြီးထိခိုက်စေတာမို့ ထောင်ဒဏ်နှစ် (၃၀) လောက်ဟာပျော့သည်ဟုပြောရမည်။
သို့သော် အမိန့်ချလိုက်ပြီဆိုကတည်းကဘာမှပြင်လို့မရတော့တဲ့အခြေအနေမို့ ဤကဲ့သို့ပဲကျေနပ်ရပါတော့သည်။
မည်သို့မည်ဖုံဖြစ်စေကာမူစိတ်ထဲတော့တော်တော်ကြီးပေါ့သွားတာအမှန်ပဲဖြစ်သည်။
နောက်လထဲလည်း Camp ပြန်ဝင်ပြီး ပွဲတွေပြန်စတော့မှာဆိုတာလည်းဒီနေ့ပဲ Trainer က ဖုန်းလှမ်းဆက်တော့ ရန်ကြီးအတွက်သာယာသောနေ့ကလေးတစ်နေ့ဖြစ်နေသည်။
ပိုပြီးသာယာအောင် ရည်းစားလေးမျက်နှာသွားကြည့်ရမည်ဆုံးဖြတ်ချက်နဲ့ ထိုင်နေတဲ့ကွန်ဒိုနားက လက်ဖက်ရည်ဆိုင်ကနေထထွက်လာခဲ့လိုက်သည်။
"တွယ်တာဘယ်မှာလဲ"
ကားမောင်းရင်းနဲ့ဖုန်းခေါ်ပြီးမေးလိုက်၏။
"အိမ်မှာပေါ့ကိုကိုရဲ့ ဘာလို့လဲ "
"ကိုကို့ကို ခဏလောက်အပြင်ထွက်တွေ့ပါလား"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...