Part (6) Uni/Zawgyi

13.8K 440 12
                                    

The Challenge of Love

Part (6)

ပါပါးက သူကတိပေးတဲ့အတိုင်း တွယ်တာ ၁၀တန်းဖြေပြီးကျောင်းပိတ်တာနဲ့ ဖုန်းဝယ်ပေးသည်။ တွယ်တာ ကိုယ်ပိုင်ဖုန်းရပြီးနောက် ကိုကြီးဆီကနေတောင်းထားတဲ့ ကိုရန်ကြီး၏ဖုန်းနံပါတ်အားအရင်ဆုံး Contact ထဲမှာမှတ်လိုက်သည်။ ပြီးတော့မိသားစုဝင်များနှင့်သူငယ်ချင်းအချို့၏ဖုန်းနံပါတ်များကိုလည်းသေချာမှတ်ထားလိုက်၏။

ကျောင်းပိတ်သွားတော့ အိမ်ထဲမှာပဲတစ်နေကုန်အားယားနေတာဖြစ်ပြီး လူငယ်တွေသုံးသမျှ Social Account တိုင်းဖွင့်ဖြစ်သည်။ နေ့ခင်းတွေမှာ ကိုရန်ကြီးရဲ့ လက်ဝှေ့ပွဲတွေကို Utube မှရှာကြည့်သည်။ အကြောင်းအရင်းကတော့ ရှင်းပါတယ် ကိုရန်ကြီးနဲ့ပတ်သတ်တာမှန်သမျှအားလုံး သိနေချင်လို့ပဲဖြစ်သည်။ ကိုရန်ကြီးဘယ်နှပွဲနိုင်သလဲ၊ ဘယ်နှပွဲရှုံးသလဲ၊ ဘယ်သူတွေနဲ့ထိုးရသလဲ ၊ ဆုဘယ်နှခုတောင်ရနေပြီလဲ အိမ်မှာလည်း ကိုကြီးဆီလာလျှင်သူတို့ပြောသမျှအားလုံးကြားနေရပေမဲ့တွယ်တာကိုယ်တိုင်လေ့လာချင်သည်။

ပြီးတော့ကိုရန်ကြီးကလက်ဝှေ့ထိုးတိုင်း အင်္ကျီမပါဘူးလေ။ ကိုရန်ကြီးရဲ့တောင့်တင်းသောBodyကိုလည်းမျက်လုံးမှိတ်ထားရင်တောင် ကြွက်သားတွေကဘယ်နားမှာရှိသလဲဆိုတာမှတ်မိနေတဲ့အထိလွတ်ရအောင်ကြည့်ချင်သည်။ ပြိုင်ဘက်ကိုလက်သီးနဲ့ချိန်ရွယ်ထားတဲ့ကိုရန်ကြီးဟာအင်မတန်ဆွဲဆောင်မှုရှိသလို၊ ပြိုင်ပွဲတွေမှနောက်ဆုံးလက်နက်အဖြစ်အသုံးပြုတတ်သောတစ်ပတ်လည်ကန်ချက်ကန်တဲ့အချိန်ဆိုရင်လည်း ပတ်ဝန်းကျင်ကိုပင်မေ့သွားရလောက်အောင်အရမ်းကြည့်ကောင်းတာဖြစ်သည်။

အခုဆိုလည်း တွယ်တာ့လက်ထဲကိုဖုန်းရောက်လာတာ ၃ရက်ပဲရှိသေးတာကိုရန်ကြီးထိုးသမျှပွဲတွေအကုန်ကြည့်ပြီးပြီဖြစ်သည်။ သူတက္ကသိုလ်ကျောင်းသားဘဝကအပျော်တမ်းကစားခဲ့သောပွဲများကိုကိုကြီးတို့ကိုငထူးတို့Videoရိုက်မှတ်တမ်းတင်ထားတဲ့ ဝါးတားတားVideoများကအစပင်ရှာကြည့်ပြီးတာဖြစ်ပါသည်။

သြော်....တွယ်တာ Facebook Account ဖွင့်ပြီးတော့ပထမဆုံး Friend Request ပို့ခဲ့တာလည်း ကိုရန်ကြီးဆီသို့သာဖြစ်သည်။

The Challenge of Love (OC)Where stories live. Discover now