The Challenge of Love
Part (63)တွယ်တာနဲ့ ကိုကိုပြန်အဆင်ပြေတာကို ကိုကြီးနဲ့ကိုငထူးပဲသိသည်။
ကိုကြီးရောကိုငထူးရောကလည်းလျှို့ဝှက်ထားပေးတာမို့ မာမားရောပါပါးရောကတွယ်တာတို့ပြတ်နေကြတုန်းလို့ပဲထင်နေကြသည်။
ဒီတစ်ကြိမ်တော့တွယ်တာပန်းနုနဲ့လဝန်းကိုတောင်မပြောရသေးပါ။နောက်ကျမှသိရင်အချစ်တော်သူငယ်ချင်း၂ ယောက်ကသေချာပေါက်စိတ်ဆိုးလိမ့်မည်။ ဒါပေမဲ့နောက်မှချော့ဖို့ပဲစိတ်ကူးတော့၏။
တွယ်တာတို့အဆင်ပြေသွားတယ်ဆိုပေမဲ့ တွယ်တာ့ဘက်ကတော့အရင်လိုစကားတွေအများကြီးပြောတဲ့ကောင်မလေးပြန်မဖြစ်သေးပါ။
တစ်နေ့မတွေ့ရရင်ဖုန်းခေါ်ပြီးအကြာကြီးပြော၊Messageတွေအများကြီးပို့တဲ့ ကြည်နူးစရာRelationship လေးတော့ဟုတ်မနေသေးပေ။
"မပြတ်ဘူးလို့ပဲပြောတာနော် ကိုကို့ကိုအရင်လိုအလိုလိုက်မှာမဟုတ်ဘူး"
"အလိုလိုက်ခံရတာက ကိုကိုလား မင်းလားသေချာလည်းစဥ်းစားဦး အားလုံးမင်းသဘောပဲဦးဆောင်ခဲ့တာကို"
"မသိဘူးကွာ တွယ်တာစိတ်ဆိုးနေတယ်လို့ပဲသိထားအဲ့တာဆိုလည်း"
"ကောင်းပါပြီ ဒါဆိုလည်းကိုကို့ကို မင်းပြန်ခေါ်တဲ့အထိချော့ပေးပါ့မယ်"
ရန်ကြီးက တွယ်တာ့ပုခုံးပေါ်မှာမှီထားလျှက် တွယ်တာ့၏ဖြူဖွေးသောပေါင်တံသွယ်သွယ်ကလေးကိုကိုင်လိုက်တဲ့အခါ တွယ်တာကလက်ကိုဖယ်ချသည်။
"ဘယ်သူကကိုင်ခိုင်းလို့လဲ အမှီခံတာပဲကျေးဇူးတင်ဦးနော်!"
"မေ့လို့ မေ့သွားလို့... ခါတိုင်းကိုင်နေကျဆိုတော့အကျင့်ပါနေတာ"
ရန်ကြီးက ပုခုံးပေါ်ကနေခေါင်းထောင်ကြည့်ပြီး သူ့ကိုနဂါးမျက်စောင်းနဲ့ကြည့်နေတဲ့ချစ်သူလေးအားမေ့သွားလို့ဖြစ်ကြောင်းရှင်းပြသည်။
"ပြန်တော့မယ်...ဒီနေ့ဒီလောက်ပဲ စာမေးပွဲနီးနေပြီ"
ကျောင်းကပြန်ရောက်ပြီး အကသင်တန်းမှတစ်ဆင့် Pravite Room ရသော Restaurant တစ်ခုမှ ညနေစာစားရင်ခဏ Date ဖြစ်ကြတာဖြစ်သည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...